• Create Trip Plan
  • Favorite Place
  • Check in Place

Ancient City BAGAN

Myanmar Travel Guide, Ancient City Bagan, Best Trip Myanmar

“လှည်းဝန်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း” ဒီ စကားလေး ကြားလိုက်တာနဲ့ ရှေးဟောင်းမြို့တော် ပုဂံ ကို သွားချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာမှာ အမှန်ပါပဲ...

မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ အများကြီး  ရှိတဲ့ ပုဂံသွားဖို့ အကောင်းဆုံး အချိန်ကတော့ January, February, June, July, November နဲ့ December လတွေမှာ သွားဖို့ recommend ပေးချင်ပါတယ်။

• Transportation •
ရန်ကုန်မှ - ပုဂံ သို့ သွားတဲ့ ELite, Mandalar Min, Shwe Mandalar စသည့် Express ကားများနဲ့ သွားနိုင်ပါတယ်။  ရန်ကုန် မှ ပုဂံ အထိ ကားစီးရတဲ့ အချိန်ကတော့ 7 နာရီ ပတ်ဝန်းကျင် လောက် ရှိပါတယ်။ ကျွန်မ တို့ သွားတုန်းကတော့ Madalar Min Express နဲ့သွားခဲ့ပါတယ်။ "Scania" ကားတွေပဲ သုံးထားပြီး ကားတွေလဲ တော်တော်ကောင်းပါတယ်။ တစ်ဦးလျှင် အသွားအပြန် 22,000 ကျပ် ကျသင့်ပါတယ်။

ကိုယ်ပိုင် ကားနဲ့ အေးဆေးနားပြီး သွားမည်ဆိုလျှင် 8 နာရီလောက် ကြာချိန် ရှိပါတယ်။ လမ်းတလျှောက် မှာ လက်ပံပျား ကြက်ကြော်၊ ကျောက်ပန်းတောင်း အားလူးကြော်၊ လက်ဖက်ရည် တို့ကို ဝင်ရောက်စားသောက်ရင်း အေးဆေးသက်သာ သွားနိုင်ပါတယ်။

 

ရွှေဆံတော်၊ သဗ္ဗညု

• Hotel •
ပုဂံမှာ တည်းခိုဖို့ Hotel စုစုပေါင်း 86 ခုလောက်ရှိပါတယ်။ ထို Hotel များထဲမှ ကျွန်မတို့ သွားတုန်းက စျေးနှုန်းလည်း သင့်၊ စားသောက်ဆိုင်တွေ နဲ့လည်း နီးတဲ့ Sky Palace Hotel မှာတည်း ခဲ့ပါတယ်။ Grand Deluxe အခန်း အမျိုးအစား ကိုတော့ အကြိုက်ဆုံးပါပဲ အခန်းရှေ့ထွက်လိုက်တာနဲ့ အလွန်လှပတဲ့ ရေကူးကန် ရယ်၊ Poolside Buffet Breakfast စားတဲ့နေရာရယ် နဲ့ Perfect ပါပဲ ရှင်။ Wifi Internet ကလဲ မြန်မှ မြန် ဆိုတော့ တစ်ရက် လည်လိုက် ပြန်လာရင် ပုံလေးတွေ တင်လိုက်နဲ့ ကျွန်မ သွားခဲ့တဲ့ အပျော်ဆုံးခရီးတွေ ထဲက တစ်ခုပဲပေါ့။

Buffet Breakfast ကလဲ အမျိုးအစား အတော်လေး စုံလင်ပြီး ရေကူးကန်ဘေး ထန်းနှောင်းပင်အောက်ကလေး မှာ စားသောက်ခဲ့ရတဲ့ မနက်ခင်းတိုင်း ကို ခုထိ သတိရနေဆဲပါပဲ။ ရေကူးကန် တစ်ဖက်စီ မှာ ထန်နှောင်းပင် နဲ့ တမာပင် လေးရှိတော့ တမျိုးတဖုံ လေး အမြင်ဆန်းပြီး ရေကူးလို့ ကောင်းမှကောင်းပဲ။

အခန်းအမျိုးအစားတွေကတော့ » »
Grand Deluxe - 55,000 ကျပ်
Deluxe Room - 45,000 ကျပ်
Superior Room - 38,000 ကျပ်

ဆက်သွယ်ရန် Sky Palace Hotel Reservation ဖုန်းနံပါတ် - +95 61 65454, 65455, 09 430 43721, 09 256 314119 ကိုဆက်သွယ်နိုင်ပါတယ်။

Sky Palace Hotel[Grand Deluxe Room & Swimming Pool]

• Pagodas, Temples, Other Places •
ပုဂံ မှာ လည်မယ်ဆိုရင်တော့ ဘုရား၊ စေတီ နဲ့ အခြား နေရာ များ အပါအဝင် လည်ပတ်စရာ 167 နေရာလောက် ရှိပါတယ်။

မြစေတီ ဘုရားနားက ရုပ်သေးရုပ်

လောကနန္ဒာ ဘုရားပေါ်တက်သည့် လှေကားနားက တမာပင်ပေါ်မှ ရှဉ့်လေးပါ

ကျွန်မ ကတော့ Photo ရိုက်ရင် လှမယ့် နေရာတွေကိုတော့ မလွတ်တမ်း ရောက်အောင် သွားခဲ့ပါတယ်။

1) အနောက် အိုးထိန်းကုန်း
2) သဗ္ဗညု ဘုရား ညရှုခင်း ကို ဓါတ်ပုံရိုက်လို့ရမယ့် နေရာ
3) ဧရာဝတီ မြစ်ကမ်းနံဘေးက နေဝင်ဆည်းဆာ အလှကို ခံစားရင်း
Photo ရိုက်လို့ ကောင်းတဲ့နေရာတွေနေရာ 167 လုံးကို ရှာနိုင်ရန် » https://goo.gl/J7mc6f

အနောက် အိုးထိန်းကုန်း

• Attraction Places •
» ဂူပြောက်ကြီး (မြင်းကပါ)
၁၃ ရာစုနှစ် နံရံဆေးရေးပန်းချီ လက်ရာတွေကို လေ့လာနိုင်မည်။ ဂူပြောက်ကြီးလိုဏ်ဂူဘုရားသည် ပုဂံခေတ်ဦး ရှေးလက်ရာတစ်ဆူ ဖြစ်ပါတယ်။ ဤဂူဘုရားမှ အင်္ဂတေပန်းတော့များသည် လက်ရာကောင်း တစ်ခုဖြစ်သည်။ မုခ်ခုံး၊ စင်္ကြ ံပတ်လည်တွင်လည်း ပန်းတမော့ ကျောက်ဆစ်လက်ရာ ဆင်းတုတော်များရှိသည်။ ခန်းမအဝင် ဘေးနံရံ တစ်ဖက်တစ်ချက်တွင် လက်များစွာပါသော နတ်ရုပ်များရှိသည်။ ထို့အပြင် ပုဂံခေတ် ရောင်စုံဆေးရေးပန်းချီများကိုလည်း တွေ့နိုင်သည်။

ဂူပြောက်ကြီး (မြင်းကပါ)

» "ပိုင်" ထန်းရည်ဆိုင်
ခရီးသွားများ စိတ်ဝင်တစား ဝင်ရောက်လေ့လာ လေ့ရှိသည့် "ပိုင်" ထန်းရည်ဆိုင် ကိုလည်း ရောက်ခဲ့ပါ တယ်။ ဝင်ရောက်လေ့လာသူအားလုံးကို ထန်းရည်ချိူ၊ ထန်းရည်ခါး ၊ လက်ဖက်သုတ်တို့နှင့် မေတ္တာလက်ဆောင် တည်ခင်းဧည့်ခံသည့် ချစ်စရာကောင်းလှတဲ့ ဓလေ့ကိုလည်း လေ့လာခွင့် ရခဲ့ပါတယ်။ မရောက်ဖူးသေးသူများ ပုဂံရောက်ရင် သွားရောက်လေ့လာရင်း ထန်းရည်စစ် စစ် အရသာကို မြည်းစမ်းကြည့်လိုက်ဦးနော်။

"ပိုင်" ထန်းရည်ဆိုင်

"ပိုင်" ထန်းရည်ဆိုင် က လက်ဖက်သုတ် မေတ္တာလက်ဆောင်

» နေဝင်ဆည်းဆာ
ဘုရား ပေါ်တက်ပြီး Sunset ကြည့်ဖို့ အခက်အခဲ ရှိသည့် လူကြီး မိဘ များ နဲ့ Photo လှလှ ရိုက်ချင်တဲ့ မဒီ တွေအတွက် Serect Place ကိုလည်း သွားဖို့ မမေ့နဲ့နော်။

ဧရာဝတီမြစ်ကမ်းဘေးက Sunset ကြည့်ရန်နေရာ

ဧရာဝတီမြစ်ကမ်းဘေးက Sunset နဲ့ အလှဓာတ်ပုံလေးတွေ ရိုက်လို့ရပါတယ် ရှင်

» Monastery
Pre-Wedding Photo တွေတော်တော် များများရိုက်တဲ့ Monastery နေရာလေးကိုလဲ သွားကြည့်ဖို့ recommend ပေးချင်ပါတယ်။

Pre-Wedding Photo များရိုက်လေ့ရှိသည့် Monastery

» ကျောက်ဂူဥမင်
ကျောက်ဂူဥမင်သည် ညောင်ဦးမြို့ အရှေ့ဘက် နှစ်မိုင်အကွာတွင် ထည်ရှိပါသည်။ သဲကျောက်ကမ်းပါးယံကိုထွင်း၍ ဖောက်ထားသည့်ဥမင်ဖြစ်သည်။ အုတ်နှင့်ကျောက် ရောစပ်တည်ထားသည့် အဆောက်အအုံတွင် အဆင့်သုံးဆင့်ရှိသည်။
Best Trip - Mobile App (Map Guide) မှတဆင့် သွားလို့ ရပါတယ်။ Download App » https://goo.gl/J7mc6f

ကျောက်ဂူဥမင်

• Restaurant •
» Queen
"Queen" စားသောက်ဆိုင် တွင် Myanmar Food, Chinese Food, Thai Food, Vegetarian Food, Pizza, Pasta, Burger, Sandwich, Beef Steak, Barbecue, Lassi, Pancake, Hot & Cold Drinks, Fruits Juice, Cocktail တို့ ရနိုင်ပါတယ်။ဒေါင်းလန်းနဲ့ မြန်မာ ထမင်း, ဟင်း သည် "Queen" ဆိုင် ၏ လူကြိုက်များ သော အစားအစာဖြစ်ပါတယ်။ ဒေါင်းလန်း မြန်မာ ထမင်း, ဟင်း တွင် အသားဟင်း 1 မျိုး၊ အရံဟင်း 5 မျိုး နှင့် ဟင်းရည် ပါဝင်ပါသည်။ စျေးနှုန်းမှာ ၃,၅၀၀ ကျပ်သာ (April 2015 Price) ကုန်ကျပါသည်။ Old Bagan တွင် တည်ရှိပါသည်။

(အသားဟင်း 1မျိုး၊ အရံဟင်း 5မျိုး)
» ဝက်သား ပုန်းရည်
» ခရမ်းချဉ်သီးသုတ်
» မုန့်ညှင်းဖြူကြော်
» ကြက်ဥမွှေကြော်
» သရက်ချဉ်သုတ်
» ငရုတ်သီးကြော်

Queen စားသောက်ဆိုင်

Queen စားသောက်ဆိုင် မှ ဒေါင်းလန်း နဲ့ အသားဟင်း 1မျိုး၊ အရံဟင်း 5မျိုး

 

မြစ်ကမ်းဘေး မှ Green Elephant Restaurant၊ Tharabha Gate

• To Rent Car & e-Bike •
(ဆက်သွယ်ရန် - Friend Tourist Information : 09 256 080 348)


ပုဂံ မှာ လည်ဖို့ ကားဌားမယ် ဆိုရင်တော့
» Fullday sightseeing [Saloon Car - 2~3 pax] - 32,000 Ks (7:30 or 8:00 Am to Sunset)
» Halfday sightseeing - 25,000 Ks (4 hours)
» Sunrise - 12,000 Ks

» Bagan to Popa - 43,000 Ks

» Airport to Hotel Transfer - 7,000 Ks
» Bus station to Hotel - 10,000 Ks

E-Bike ဌားမယ်ဆိုရင်
Oneday[1pax] - 6,000 Ks (1Bike for 2 pax - 10,000 Ks)
Halfday - 4,000 Ks (1Bike for 2 pax - 6,000 Ks)

မြင်းလှည်း ဌားမယ်ဆိုရင်
Horsecart Oneday - 25,000 Ks
Halfday - 18,000 Ks

Sunset ကို လှေစီးပြီး ကြည့်မယ်ဆိုရင်
Sunset by boat[3~4 pax] - 15,000 Ks

E-Bike စီးနေသော နိုင်ငံခြားသူလေးတွေ

မြန်မာတို့ရဲ့ အသည်းနှလုံး ဖြစ်တဲ့ ပုဂံ ပြည်ကြီးကို တခါတခေါက် လာရောက် လည်ပတ် ဖို့အတွက် တဖက်တလမ်း မှ အထောက်အကူ ဖြစ်ဖို့ အတွက် ကျွန်မ ရဲ့ အတွေ့အကြုံ ကို မျှဝေပေးလိုက်ပါတယ်ရှင်....
ပျော်ရွှင်သော ခရီးစဉ် တွေကို တစ်နှစ် တစ်ခါ လည်ပတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.........

Undefined
Chit Moe's picture

Chit Moe

Traveller