• Create Trip Plan
  • Favorite Place
  • Check in Place

Lampi - Marine National Park

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ကြီးရဲ့ အတွင်းပိုင်းထဲမရောက်ဘူးတယ့် သူငယ်ချင်းတွေကို ကျွန်တော်ဒီကေ
နလည်လည်ပို့ပေးလိုက်ပြီနော် . . . . လျှောက်ကြည့်လိုက်ကြအုံး။

လန်ပိကျွန်း ရဲ့ အနောက်ဘက်ခြမ်း (အနောက်တောင်ထောင့်) South Mangrove River ထဲကို တစ်နေ့တာလောက် အချိန်ယူပြီး ကနူးလှေလေးတွေနဲ့ ဝင်ပြီးလျောက်ကြည့်သင့်တယ်။ ဘာလို့လဲ ဆိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရမ်းအရေးပါတယ့် ဒီရေတောတွေ ထူထပ်စွာပေါက်ရောက်နေတယ့် နေရာလေးတစ်ခုဖြစ်တာကြောင့်ပါ။ ဒီရေတောတွေဟာ ကုန်းပိုင်းနဲ့ ရေပိုင်းအကြား သဘာဝအကာအကွယ် တွေအဖြစ်နဲ့ တည်ရှိနေတာကြောင့် လေပြင်းတိုက်ခတ်မှု နဲ့ ပြင်းထန်သော ဒီရေလှိုင်းတွေရဲ့ ရိုက်ပုတ်မှုဒဏ်တွေကိုကာကွယ်ပြီးသားဖြစ်တယ်။ ဒါ့အပြင် ငါး၊ ပုစွန်၊ ကဏန်းတွေ ဥအုခြင်း သားပေါက်ခြင်း တွေအတွက်လဲ ဖြစ်တည်မှုပေးနေတာကြောင့် ရေနေသတ္တဝါငယ်လေးတွေ ရဲ့ မျိုးဆက်ပြန့်ပွားရေးအတွက် အရမ်းအရေးပါတယ့်နေရာတွေဖြစ်တယ်။

လန်ပိရဲ့ South Mangrove River , Middle Mangrove River တလျှောက်မှာ ကနူးလှေလေးနဲ့ အချိန်ပေးပြီးလှော်ခတ်ကြည့်နိုင်ရင်တော့ ကျွန်တော်တို့ မြင်ဘူးနေကျ ဧရာဝတီတစ်ကြောမှာ ပေါက်နေကျ လမုတွေလို၊ မြိတ်ဝန်းကျင် တွေမှာ ပေါက်နေကျ လမုပင်တွေ နဲ့ မတူခြားနားတယ့် အပင်နိမ့်မဟုတ်တယ့် မြင့်မားရှည်လျားတယ့် အမြစ်ဆုံကြီးတွေက ရေစပ်စပ်ကုန်းမြေတွေကို ထောက်ပြီး ပေါက်ရောက်လို့နေကြပါတယ်။ ကျွန်းထဲကိုmangrove တောတွေ ထဲကို ဝင်ရောက်လေ့လာကြည့်မယ်ဆိုရင် ငှက်အမျိုး အစား များစွာ တွေထဲက အောက်ချင်း၊ ပိန်ညင်း (တိန်ညင်း)၊ စွန်၊ ဝန်လို ( Sea Eagle) နဲ့ တခြား ငှက်တွေ ၊ သစ်ခွပင်မျိုးစုံ ၊ မျောက်တွေ၊ဖွတ်၊ ဂျီလောင် (mouse deer) ၊ သင်းခွေချပ်၊ တောဝက်ဖြူတွေနဲ့ သစ်ပင်ပေါ်က စပါးကြီးမြွေ တွေလဲ တွေ့နိုင်ပါတယ်။

ကျွန်းရဲ့ တောက်ဘက်ပိုင်းမှာ အောက်ချင်းငှက်တွေ ရာကျော်လောက် အသိုက်ဖွဲ့နေထိုင်ကြပြီး နံနက်အိပ်တန်းထချိန် ကနေ ညနေအိပ်တန်းတက်ချိန်ထိ အစုအဖွဲ့လိုက်ပျံသန်းကြတယ်။

လန်ပိကျွန်းရဲ့ အနောက်ဘက်ဝန်းကျင်ကလည်း ခရီးသွားတွေစိတ်ဝင်စားပြီး နှစ်သက်မယ့် ကျွန်းငယ်လေးများလဲ တွေ့နိုင်ပါတယ်။ လန်ပိကျွန်းက ရှည်လျားပြီး သဲသောင်တွေလဲ နေရာအနှံ့မှာ ရှိတာတွေ့ရတယ် အပွင့်သေးသေးလေးနဲ့ နူးညံ့ နုနယ်တယ့် အဖြူရောင်သဲပွင့်လေးတွေနဲ့ ပြည့်နှက်နေတယ့် ကျွန်းလေးတစ်ခုပါ။ ကျွန်းရဲ့ အရှေ့ ဘက်တလျောက် မှာတော့ ကျွန်တော့်ရဲ့ Coral လေးတွေအပြည့်ပေါ့ Snorkelling လုပ်ကြည့်ရင်းကျောက်ပုဇွန်တွေတောင် မြင်မိလိုက်သလို။ Crystal water area ဖြစ်လို့ snorkeling အတွက်သင့်တော်တာပေါ့။ ကျွန်းရဲ့ အနောက်ဘက်ခြမ်း မှာတော့ ပင်လယ်မျှော့ ( Seacucuber ) တွေများကြီး တွေ့ရတော့ ဆလုံတွေလဲ အကြိုက်ပေါ့။

ကျွန်းတောင်ဘက်အပိုင်းမှာ ရေချို ထွက်တယ့် စမ်းပေါက် ရှိလို့ ဆလုံတွေအတွက်ရေချို ရရှိသလို ရေလုပ်သားတံငါ လှေတွေလဲ ရေချိုဖြည့်တင်းရာနေရာဖြစ်လို့ ပိုမိုအကြိုက်တွေ့စေတာပေါ့။ လန်ပိရဲ့ အနောက်မြောက်အစွန် လန်ပိနှင့် တစ်ဆက်တည်းဖြစ်နေတယ့် ဝါးအလီကျွန်း လဲရှိတယ်။ ဝါးအလီကျွန်း နဲ့လန်ပိ ရေလက်ကြားကို ဆလက်ဂလက်ရေလက်ကြား ဟုခေါ်သည်။ ထူးခြားချက်က အယ့်ရေလက်ကြားမှာရာသီဥတု ဘယ်လောက်ဆိုးဆိုး လှိုင်းလေမထပဲ ကန်ရေလိုတည်ငြိမ်လွန်းလို့ တံငါလှေတွေ ဆလုံလှေတွေအမြဲအားထားပြီးနားခိုကြတယ့် နေရာလေးဖြစ်တယ်။

ဒီလို အဖက်ဖက်က ပြည့်စုံကြွယ်ဝနေတာကြောင့်လဲ လန်ပိသဘာဝအမျိုးသားဥယျာဉ်ကြီး သတ်မှတ်ကာကွယ် ထိန်းသိမ်းစောက်ရှောက်ထားခဲ့ကြလိုု့ မြန်မာပြည်ရဲ့ အာဆီယံအဏ္ဏဝါ အမွေအနှစ်ဥယျာဉ်ကြီးအဖြစ်နဲ့ကမ္ဘာ မှာ လူသိများထင်ရှားခဲ့တာပေါ့။ ဒါကြောင့်မို့ ဒေသခံတွေနဲ့ ပင်လယ် ခရီးသွားတွေ ကလည်း သတ်မှတ်ထားတယ့် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ တိတိကျကျလိုက်နာရင်း အာဆီယံအမွေအနှစ် အဏ္ဏဝါဥယျာဉ်ကြီးကို မပျောက်ပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောက်ရှောက်ရင်း ဂုဏ်ယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း . . . . လေးစားစွာဖြင့် . .

Daung Phyo (Coral Fish)
‎ကတိပေးထားတယ့်အတိုင်းပဲ‬ . . . .လန်ပိထဲကို ကျွန်တော် နဲ့ အတူတူပေးလည်ပေးပြီးပြီနော်။

Undefined
Daung Phyo's picture

Daung Phyo

Local Expert