• Create Trip Plan
  • Favorite Place
  • Check in Place

Travel to Ngapali

Ngapali Beach

ကျွန်တော်တို့ Best Trip အဖွဲ့သားများ သင်္ကြန်ပိတ်ရက်အတွင်း ငပလီ ကမ်းခြေသို့ ကားလမ်းမှ တစ်ဖွဲ့၊ လေယာဉ်ဖြင့် တစ်ဖွဲ့ သွားရောက်ခဲ့ပြီး မတူညီသည့် လမ်းကြောင်းနှစ်မျိုး၏ ခရီးစဉ် အတွေ့အကြုံများကိုု တင်ဆက်ပေးသွားမှာပါ။

 ငပလီသို႕ လေယာဉ်နှင့် •
လေယာဉ်ခရီးကို ရွေးချယ်ခဲ့မယ်ဆိုရင် Air KBZ ၊ Myanmar National Airline ၊ မန်းရတနာပုုံ အစရှိသည့် Airlines တို့ဖြင့် လာရောက်နိုင်ပြီး၊ စျေးမှာ $66 , $73 , $79 ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ရန်ကုန် မှ သံတွဲကို ကြာချိန် 45 - 50 မိနစ်ခန့်သာ ရှိပါတယ်။ သံတွဲ လေဆိပ်ရောက်တာနဲ့ ကိုယ်တွေ Booking လုပ်ထားတဲ့ Jade Marina Resort မှ တာဝန်ရှိသူတွေ အဆင်သင့် ကြိုဆိုနေပါတယ်။ တန်ဆာထုတ်ရမယ့် ပစ္စည်းတွေကိုလည်း သူတို့ ကိုယ်တိုင်ထုတ်ပေးပါတယ်။ ကိုယ်တွေကတော့ လာကြိုတဲ့ ကားပေါ်မှာ AirCon လေးနဲ့ အဆင်သင့် စောင့်နေရုံပါပဲ။
ဟိုုတယ်တိုင်း လိုလိုကတော့ လေယာဉ်ကွင်းမှာ လာကြိုလေ့ရှိပါတယ်။ အချို့ Budgets Type ဟိုတယ်၊ မိုတယ်လေးတွေတော့ လာမကြိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုုယ် Taxi ၊ ဆိုုင်ကယ် Taxi တွေနဲ့ သွားလိုု့ရပါတယ်။

Best Trip Suggestion: လေယာဉ်ဖြင့် သွားလျှင်တော့ မနက်စောစောပိုင်း လေယာဉ်ကိုရွေးချယ်တာ အကောင်ဆုံးပါပဲ။ မပင်မပန်း စောစောစီးစီးရောက် အခန်းယူ၊ ပင်လယ်ကြီးနှင့်ဓာတ်ပုုံရိုုက်ဖို့ အချိန်ပိုုရတာပေါ့။ (မှတ်ချက် - ဟိုတယ် တစ်ချို့တစ်လေ ကတော့ Early Checkin မရဘူး :D ဒါပေမယ့် ပစ္စည်းတွေ အပ်ပြီး ပင်လယ်ကမ်းစပ်မှာ အပန်းဖြေနေလို့ရတာပေါ့)

• ငပလီသို႕ ကားလမ်းမှ •
Express ကားတွေကို ရွေးချယ်မယ်ဆိုရင် [ ရန်ကုုန် - သံတွဲ Express ကားခ - 12,000 ကျပ် ] ဝန်းကျင်လောက်ရှိပါတယ်။

ကျွန်တော်တို့ Best Trip အဖွဲ့သားများကတော့ ခရီးသွားရမယ်ဆိုုလျှင် ကားနှင့်သွားရတာ ကိုု ပိုုမိုုနှစ်သက်တာကြောင့် ငပလီကိုုလဲ ကားနှင့်သွားရန် လမ်းကောင်းမကောင်း သေချာစုုံစမ်းပါတယ်။ ရခိုုင်ရိုုးမကိုု ဖြတ်သန်းရမှာ ဖြစ်တာကြောင့် ကားကိုုသေချာစစ်၊ ကားဘီး တွေလဲစစ်ပါတယ်။ သေချာစစ်ဆေးပြီး လမ်းလဲကောင်းတာကြောင့် တစ်လမ်းလုံး အဆင်ပြေပြေဖြစ်ခဲ့ပါတယ်။ငပလီသိုု့ ကားနှင့်သွားရန် ရန်ကုုန် - ငသိုုင်ချောင်း - ဂွ လမ်းပိုုင်းနှင် ့ရန်ကုုန် - ပြည် - တောင်ကုုတ် လမ်းပိုုင်းတိုု့မှ သွားလိုု့ရပါတယ်။ ရန်ကုုန် - ပြည် - တောင်ကုုတ် လမ်းကတော့ ရိုုးမကိုုဖြတ်ရတဲ့လမ်းပိုုင်း ပိုုရှည်တာကြောင့် ပြည်မှာညအိပ်ပြီး မနက်မှထသွားသင့်ပါတယ်။ လမ်းအခြေအနေမှာလည်း ရန်ကုုန် - ငသိုုင်ချောင်း - ဂွ လမ်းပိုုင်းထက်ဆိုုးတယ် ပြောတာကြောင့် ကျွန်တော်တို့ အဖွဲ့က ရန်ကုုန် - ငသိုုင်ချောင်း - ဂွ လမ်းအတိုင်း ငပလီကိုု လာခဲ့ပါတယ်။ ယခုုချိန်မှာတော့ လမ်းများ အတော်ကိုု ကောင်းမွန်နေပါပြီ။ ရန်ကုန်မှ ငပလီမြို့ထိကိုုကားဆီဖိုုးလဲ ၂၀၀၀၀ ကျပ်လောက်သာကျသင့်ပါတယ်။

သင်္ကြန်အကြိုနေ့ ဖြစ်တာကြောင့် ကျွန်တော်တို့ ရန်ကုုန်ကနေ ညပိုုင်း ၁၂းဝ၀ မှာစထွက်ပါတယ်။ လှိုင်သာယာ အထွက်ဖက်မှာတော့ အမှိုက်ကားများမှ ကျကျန်ခဲ့သည့် အမှိုက်များ လမ်းပေါ်တွင် အများအပြားပြန့်ကြဲ ကျနေခဲ့ပါတယ်။ ( ဒါမျိုးတွေက သေချာဂရုစိုက်ပြီး မြို့ကိုသန့်ရှင်းအောင် လုပ်ပေးသင့်ပါတယ်) ရန်ကုုန် - ပုုသိမ် လမ်းအတိုုင်း ဖြေးဖြေးမှန်မှန်မောင်းလာခဲ့ပြီး ည ၂း၃၀ လောက်မှာ ပန်းတနော် ရောက်ပါတယ်။ ညလယ်စာ စားရင် ရွှေခေတ်ဆိုုတဲ့ ဆိုုင်လေးမှာ နားခဲ့ပါတယ်။ ည ၃းဝ၀ လောက်ပြန်ထွက်လာပြီး ချောင်းသာ၊ ငွေဆောင် သွားတဲ့လမ်အတိုုင်းပဲ ရန်ကုုန် - ပုုသိမ် လမ်းမှလာခဲ့ပြီး ကျောင်းကုံးမြို့ အဝင် တံတားအဆင်းမှာ အသုုတ်၊ ရေကြည်ဘက်ကိုု ရန်ကုုန် - ပုုသိမ် လမ်းမှ ခွဲထွက်လာခဲ့ပါတယ်။ ထိုုမှ အသုုတ်၊ ရေကြည်၊ ငသိုုင်းချောင်း လမ်းအတိုုင်းလာခဲ့ပြီး ငသိုုင်းချောင်းအထွက် ၊ ငသိုုင်ချောင်း - ဂွ လမ်းပိုုင်း အစကိုု မနက် ၆းဝ၀ လောက်ရောက်ပြီး နားပါတယ်။ ငသိုုင်းချောင်းထိ လမ်းလဲကောင်းပြီး ကျယ်လဲကျယ်ပါတယ်။

ငသိုုင်ချောင်း - ဂွ လမ်းပိုုင်းက  ၄၇ မိုင် လောက်ရှိပါတယ်။  ဖြေးဖြေးနှင့် မှန်မှန်မို့ ၃နာရီလောက် မောင်းခဲ့ ရပါတယ်။ အစကတော့ နည်းနည်းလေးကြမ်းပြီး နောက်ပိုုင်း ဂွ ထိကိုလမ်းကောင်းပါတယ်။ ကတ္တရာလမ်းမှာ အနည်းငယ်ကျဉ်းပြီး အကွေ့အကောက်များလှပါတယ်။

ရုုိးမဖြတ်တဲ့ တောင်တက်လမ်း ကတော့ သိပ်မမတ်ဘဲ လမ်းလဲကောင်းတယ်၊ လူလဲသိပ်မပြတ်ပါဘူး။ လမ်းဘယ်လောက် ကောင်းသလဲဆိုု ခွေဘီလူး(Hi Jet) တွေတောင် ဝီခေါ်နေအောင် မောင်းပါတယ်။ လမ်းအကွေ့တွေမှာ ဟွန်းလဲမတီးပဲ ဆိုင်ကယ်၊ ကားတွေ ပေါ်ပေါ်လာတတ်လို့ သတိထားပြီး မောင်းလာရပါတယ်။ အန္တရယ်ကင်း ဘေးရှင်းအောင်ပေါ့။ တောင်တက်လမ်းက တချို့ရွာတွေနားမှာ ကလေးတွေ လမ်းပေါ်ထွက်ဆော့နေတတ်လို့လဲ သတိအတော်ထားပြီး မောင်းရပါတယ်။

ဂွမြို့

ငသိုုင်ချောင်း - ဂွ ရိုးမလမ်းတလျှောက်

ငသိုုင်ချောင်း - ဂွ ရိုးမလမ်းတလျှောက်

ရခိုင်ပြည်နယ် အစ

ဧရာဝတီတိုင်းဒေသကြီး မှ ရခိုင်ပြည်နယ် သို့အကူးနားတွင် ့ဆိုင်လေး တစ်ဆိုင်ရှိတာကြောင့် ခဏနားကြပါတယ်။ ဆိုင်လေးမှာ အရိပ်ကောင်းသည့်နေမှာ ဆောက်ထားပြီး အနီးအနားမှာ ထူးထူးခြားခြား ပိတောက်ပန်းကလေးများနှင့် ဝေဆာနေသည့် ပိတောက်ပင်ကြီးလည်း ရှိနေပြန်တော့ ပင်ပန်းသမျှ အမောကိုပြေသွားတာပဲ။ နာရီဝက်လောက်နားပြီး ဆက်လက်ထွက်ခွာလာပြီး မနက်ပိုင်း ၉းဝ၀ လောက်မှာတော့ ဂွမြို့ကိုရောက်ပါတယ်။

ဂွမြို့အထွက်မှာတော့ ဂွ - သံတွဲ လမ်းပိုင်းစတင်ပြီး သံတွဲထိကို ၈၃မိုင် လောက်ရှိပါတယ်။ ကတ္တရာလမ်းကောင်းကာ ကျဉ်းပြီး အကွေ့အကောက် အတော်ကိုများပါတယ်။ လမ်းကျဉ်းတော့ မျက်နှာချင်းဆိုင် ကားလာရင်တော့ ဘေးကိုချချပေးရတာကြောင့် ခရီးသိပ်မတွင်လှပါဘူး။ ကတ္တရာ လမ်းကတော့ ကောင်းတာကြောင့် Honda Fit တို့၊ Mitsubishi Colt တို့တောင်အရှိန် အတော်တင်ပြီး မောင်းကြပါတယ်။

ဂွ - သံတွဲ လမ်းဟာ ကမ်းခြေရွာကလေးတွေထဲက ဖြတ်သန်းဖောက်လုပ်ထားတာကြောင့် တမူထူးခြားတာတော့ အမှန်ပေ။ ကမ်းသာယာ ကမ်းခြေအနား ရောက်ခါနီးမှာတော့ ပင်လယ်နားကပ်ပြီး ဖောက်လုပ်ထားတဲ့ လမ်းတစ်နေရာမှာ ခဏရပ်နားပြီး ကမ်းသာယာကမ်းခြေကို လှမ်းမျှော်ကြည့် ရတာကတော့ ကဗျာဆန်ပြီး လှပနေတော့သည်။ လမ်းတလျှောက်မှာတော့ တစ်ခါတစ်ခါ ပင်လယ်ကြီးကိုတွေ့ရ၊ ဓနိတောလေး တွေမြင်ရပြီး လွမ်းဖွယ်ကောင်း နေပါတော့တယ်။

ကမ်းသာယာ အလွန်

ကမ်းသာယာ အလွန်

ကမ်းသာယာ အလွန်

ကမ်းသာယာ အလွန်

တံတားအောက်က ငါးများ (အမည်မသိ)

Best Trip အဖွဲ့သားများ

ဆက်လက်ထွက်လာခဲ့ပြီး လမ်းတလျှောက်မှာတော့ သင်္ကြန်မဏ္ဍပ်လေးတွေမှာ လမ်းပိတ်ပြီး ရွာအတွက် လိုအပ်တာလေးတွေကို အလှူခံနေကြပါတယ်။ တချို့လူငယ်လေးတွေ သင်္ကြန်မို့ ဆံပင်အရောင်ဆန်းတွေနှင့် ဆိုင်ကယ် တရကြမ်းမောင်းပြီး ပျော်ပါးနေကြလို့ ကိုယ်သွားနေကျနေရာလည်း မဟုတ်တော့ အနည်းငယ်တော့ စိုးရိမ်မိပါတယ်။

လမ်းတလျှောက် သင်္ကြန်ရေကစား မဏ္ဍပ်လေးများ

ဆက်လက်ထွက်ခွာလာပြီး နေ့လည် ၁းဝ၀ နီးပါးလောက်မှာ သံတွဲမြို့ ကိုရောက်ပါတယ်။ ငပလီ အလှဆီကို ရောက်ဖို့ရာ လက်တကမ်းအလိုပေါ့လေ။

သံတွဲမြို့စအဝင်မှာတော့ ကတ္တရာလမ်းအရမ်းကောင်းပြီး လမ်းလဲကျယ်သွားပါတယ်။ ငပလီ ထိကို ကတ္တရာလမ်းကျယ်ပြီး လမ်းကောင်းပါတယ်။ သံတွဲမြို့လယ်ကနေ ခွဲထွက်လာပြီး မိနစ် ၂၀ လောက်မောင်းတော့ ငပလီမြို့ လမ်းဆုံကိုရောက်ပါ တော့တယ်။

• ငပလီမြို့ •
ငပလီကိုရောက်ပြီဆိုတော့ ငပလီအလှကိုခံစားဖို့ စိတ်စောနေမိပါတော့တယ်။ ငပလီ ၏ မြောက်ဘက်မှာတော့ သံတွဲလေဆိပ်တည်ရှိပါတယ်။ တောင်ဘက်မှာတော့ ပုလဲကျွန်းတို့၊ တံငါရွာတို့ သွားလို့ရတဲ့ လှေဆိပ်တွေရှိပါတယ်။

သံတွဲ လေဆိပ်

စားသောက်ဆိုင်ကောင်းကောင်း တွေလဲ တောင်ဘက်မှာ ပိုများပါတယ်။ ဟိုတယ်တွေကတော့ တောင်ဘက်ကော မြောက်ဘက်ကောမှာရှိပါတယ်။

လေယာဉ်ကွင်းနှင်အနီးဆုုံး ဟိုုတယ်တွေကတာ့ Merciel Hotel ၊ Hilton Hotel ၊ Amazing Hotel ၊ Hotel at The Rock တိုု့ရှိပြီး အနီးနားမှာတော့ Restaurant တွေသိပ်မရှိပါဘူး။ ထပ်သွားမယ် ဆိုရင်တော့ ငပလီမြို့လယ်လိုု့ပြောရမယ့် လမ်းဆုုံရောက်ပြီး ထပ်သွားရင်တော့ Hotel ACE, Linn Thar Oo Lodge, Memento Hotel, BayView Hotel, Jade Marina Resort & Spa, Amata Hotel, Aureum Palace Hotel အစရှိသည့် ဟိုုတယ်များရှိပါတယ်။

ဟိုတယ်အားလုံး လိုလိုကတော့ USD $100 ဝန်းကျင်ဆို Garden View အခန်းတွေ ရနိုင်ပါတယ်။ နောက်ပိုင်းတော့ လမ်းပန်းလဲကောင်းတာကြောင့် စျေးပိုသက်သာလာမယ်လို့ လဲထင်မိပါတယ်။
ဟိုုတယ် မတည်းချင်တဲ့ သူတွေအတွက် ကမ်းခြေနောက်ဘက် ကားလမ်းဘေးမှာ လုံချင်းအိမ်လေးတွေ ဌားရမ်းနေနိုင်တာ တွေ့ရပါတယ်။

တည်းခိုမည့် ဟိုတယ်သွားတဲ့ လမ်းမှာလဲ ငပလီမြို့ အပြင် လင်းသာရွာ၊ ဂျိတောရွာတို့မှာလဲ အတော်ပင် စည်ကားပြီး တိုးတက်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တည်းခိုမည့် Jade Marina Resort & Spa ဟိုတယ်ကိုတော့ နေ့လည် ၁း၃၀ လောက်မှာရောက်ပါတယ်။

Jade Marina resort & Spa Reception

Jade Marina resort & Spa ရှိ ကားရပ်နားရာ နေရာ

Jade Marina resort & Spa ထဲရှိ သစ်ခွပင်များ

ငပလီ ကမ်းခြေကတော့ သဲဖြူဖြူ နုနု၊ ရေ ကြည်ကြည် နှင့် ကျောက်ဆောင်လေးတွေ အနှံ့အပြားနှင့် လှချင်တိုင်းလှနေတဲ့  ငပလီ ကမ်းခြေကိုတွေ့တွေ့လိုက်ရချင်းပဲ ၁၂နာရီကျော် ကားမောင်းလာလို့ ပင်ပန်းထားသမျှ ပြေပျောက်သွားပါတယ်။ ရောက်ပြီး နောက်တရက်မှာတော့ နေ့လည်စာစား ခဏအနားယူပြီး ညနေခင်း ကမ်းခြေတစ်လျှောက်လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေ

ကမ်းခြေတစ်နေရာဖြစ်ပြီး စားသောက်ဆိုင်တွေ ၅ ၊ ၆ ဆိုင်လောက်ရှိတဲ့နေရာ အနီးအနားမှာ လူအချို့ စည်းကမ်းမဲ့မှုကြောင့် အမှိုက်တွေ၊ Beer ဘူးအခွံတွေ၊ အရက်ပုလင်းတွေနှင့် အရုပ်ဆိုး အကြည်းတန်လွန်းလှပါတယ်။ ဒီနှစ်ပိုင်းမှာ ချောင်းသာတောင် သန်ရှင်းနေအောင်၊ အမှိုက်ရှင်းအောင် ဂရုစိုက်ထားတာတွေ့ခဲ့တာကြောင့် ငပလီလို အလှသွေးကြွယ်ဆုံး ကမ်းခြေက တာဝန်ရှိသူများကော၊ ခရီးသွားတိုင်းကော ဒီအချက်ကို ဂရုစိုက်ပေးသင့်ပါတယ်။

ကမ်းခြေ မှ စားသောက်ဆိုင်များ

ကမ်းခြေ မှ စားသောက်ဆိုင်များ

ကမ်းခြေ မှ စားသောက်ဆိုင်များ

စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များ

• ငပလီမှာ နေခဲ့တဲ့ ဟိုတယ်လေး •
ဟိုတယ် အခန်းစျေးတွေကတော့ Tour ရာသီအလိုက်စျေး အမျိုးမျိုးရှိကြပါတယ်။ ကျွန်တော်တို့ ရွေးချယ်ခဲ့သည့် Jade Marina Resort & Spa ၏အခန်းစျေးနှုန်း အသေးစိတ်ကို ပြောပြပေးပါမယ်။
အခန်းအမျိုးအစားအလိုက် စျေးနှုန်းများ

Beach Front Villa -   USD $350
Sea View Villa - USD $300
Corner Suite - USD $250
Executive Deluxe - USD $200 အသီးသီးကျသင့်ပါတယ်။

ဖုန်းနံပါတ် 09254320328, 0973203846 ကိုဆက်သွယ် Booking လုပ်နိုင်ပါတယ်။ ရန်ကုန်မှာ Booking လုပ်ပြီး မြန်မာငွေနဲ့ ရှင်းလည်းရပါတယ်။

Jade Marina Resort & Spa Lobby

Jade Marina Resort & Spa Lobby မှ အလှပန်းအိုးကြီးများ

Jade Marina Resort & Spa Lobby မှ အလှပန်းအိုးကြီးများ

သစ်သားတံတား ခင်းထားသည့် Hotel အတွင်းရှိ လမ်းလေးများ

သစ်သားတံတား ခင်းထားသည့် Hotel အတွင်းရှိ လမ်းလေးများ

ကျွန်တော်တို့ တည်းခိုသည့်ဟိုတယ် Jade Marina Resort & Spa ရောက်ရောက်ချင်း ကားပါကင်က တချို့ဟိုတယ်တွေထက် တော်တော်ကျယ်တာ တွေ့ရပါတယ်။ လေယာဉ်ဖြင့်လာတဲ့ တချို့ Best Trip အဖွဲ့ဝင်တွေလဲ လေယာဉ်ချိန်စောစောမရတာကြောင့် ၁၂း၃၀ လောက်မှာထွက်လာပြီး ၁း၃၀ မတိုင်ခင်လောက်မှာ လေယာဉ်ဆိုက်ရောက်ပြီး ဟိုတယ်မှသွားရောက်ကြိုဆိုပေးပါတယ်။ သူတို့ အဖွဲ့လဲ ကျွန်တော်တို့ရောက်ပြီး Check In ဝင်နေချိန်ပဲ ရောက်ရှိလာပါတယ်။
Check In ဝင်ချိန်မှာတော့ ကျွန်တော်တို့ အခန်းရပါပြီလို့ပြောပြီး Lobby Boy တွေကို လိုက်ပို့ဖို့လဲမပြောပဲ ရုတ်တရက်ထွက်သွားလို့ စောင့်နေရပါတယ်။ နည်းနည်းကြာလို့ အခန်းရပြီလား ထပ်မေးတော့မှပဲ ထပ်စစ်ဆေးပြီး ရပါပြီဆိုတော့မှ အခန်းသို့သွားရပါတော့တယ်။

သစ်သားတံတား ခင်းထားသည့် Hotel အတွင်းရှိ လမ်းလေးများ

အခန်းရှေ့ရှိ ရေဆေးလို့ ရသည့် အိုးလေးများ

ဟိုတယ်အတွင်းလမ်းတိုင်းမှာ မြေသားလမ်းမဟုတ်ဘဲ မြေကြီးမှ ၁ ပေခန့်အမြင့်ရှိတဲ့ သစ်သားတံတား ခင်းထားပြီး လမ်းကလေး ဘေးဝဲယာမှာတော့ မြက်ခင်းလေးများ၊ သစ်ပင်လေးများ ဟာလည်း စိမ်းစိုလန်းဆန်းလို့နေပါတော့တယ်။ Jade Marina က Landscape ပိုင်းကို အတော်ဂရုတစိုက်လုပ်ထားတာ တွေ့ရပါတယ်။ ပန်းအမျိုးမျိုးလဲ စိုက်ထားပြီး ပန်းလေးတွေလဲ ပွင့်လန်းနေတာကြောင့် မြင်ရသူ့ရင်ကို လန်းဆန်းစေပါတယ်။ ဟိုတယ် ၏ အဆောက်အအုံ အားလုံး လိုလိုက ပေါ်တူဂီဘန်ဂလို ပုံစံလေးတွေကို ဆန်းသစ်ထားပြီး သစ်ပင် အုံအုံဆိုင်းဆိုင်းနှင့် အတော်ပင် ပနံရလှပါတယ်။ ရေကူးကန်ဘက်ကိုသွား တဲ့အခါမှာ သစ်သား တံတားခင်း လမ်းကလေး ဘေးဝဲယာမှာတော့ မြက်ခင်းလေးများ၊ သစ်ပင်လေးများနှင့် စိတ်ကြည်နူးဖွယ်ပင်။

ရေကူးကန်မှာ အတော်ကြီးတဲ့အတွက် ရေစိမ်နေချင်သူတွေ၊ ရေကူးချင်သူတွေ အကြိုက်ပေါ့။ ရေကူးကန်အလည်မှာ ၅ပေ ခန့် အနက်ရှိပြီး အတိမ်ဘက်ကနေ အနက်ဘက်ကိုု စောက်လျှောသွားခြင်းမဟုတ်ပဲ အတိမ်ဘက်က ရေကူးကန်အတွင်းဘောင် တဆင့်လိုဖြစ်ပြီး အတိမ်ဘက်မှာ ၂ပေ အနက် လောက်သာရှိတာကြောင့် ရေကူးကန်ထဲမှထိုင်ပြီး ပင်လယ်ကြီးကိုငေးလို့ ကောင်းပါတယ်။

ရေကူးကန်

Best Trip အဖွဲ့သားများ ရေကူးကန်ထဲတွင်လဲ ရေအောက် ဓါတ်ပုံများ ရိုက်ခဲ့ကြပါတယ်

ဟိုတယ်က နိုင်ငံခြားသားတိုင်းကတော့ ရေကူးကန်အတွင်းဘောင် ပေါ်ထိုင်ပြီး ပင်လယ်ကိုငေးလိုက် စာအုပ်လေးဖတ်လိုက်နဲ့ပေါ့။ ရေကူးကန်ညာဘက်ခြမ်းမှာတော့ သင်္ကြန်တွင်း စတုဒီသာ မဏ္ဍပ်ရှိပါတယ်။ နေ့လည် ၂းဝ၀ ကနေ ၄းဝ၀ ထိကျွေးပါတယ်။ ရေကူးကန်အနောက်ဘက် ခြမ်းမှာ Restaurant ရှိပြီး Breakfast ကို အဲဒီမှာပဲကျွေးပါတယ်။ ရေကူးကန်အလွန် ဘယ်ထောင့်မှာတော့ Bar လေးရှိပြီး စားပွဲခုံလေးများနှင့် နေ့လည်စာ၊ ညစာကို Restaurant မှ မှာယူပြီး သုံးဆောင်နိုင်ပါတယ်။

သင်္ကြန်တွင်း စတုဒီသာ မဏ္ဍပ်

မုန့်လုံးရေပေါ် စတုဒီသာ

အကြိုက်ဆုံးကတော့  ရေကူးကန်အလွန် မြက်ခင်းပြင်နဲ့ သဲသောင်ပြင်စပ်နားမှာတော့ နိုင်ငံခြား ပင်လယ်ကမ်းခြေများ မှာတွေ့ရလေ့ရှိတဲ့ ကြိုးတွေနဲ့ရက်လုပ်ထားတဲ့ ကြိုးပုခက်တွေ ပါပဲ။ ကြိုးပုခက်တွေ အပြင် နားနားနေနေ နေစရာ ကြိမ်ခုံ၊ သစ်သားခုံလေးတွေလဲရှိပါတယ်။

ဟိုတယ်တွင်း သစ်သားခင်းလမ်းလေးတွေ၊ သစ်ပင်မျိုးစုံ၊ ပန်းမျိုးစုံ အုပ်စိုင်းစိုင်းတွေ၊ ဘန်ဂလို ပုံစံလှလှလေးတွေကတော့ ငပလီအလှကိုတမူထူးခြားအောင် ပံ့ပိုးပေးနေသလိုပါပဲ။ ဓာတ်ပုံရိုက် ၀ါသနာပါသူတွေ အကြိုက်ပင်။

ကျွန်တော်တို့ အဖွဲ့ကတော့ Executive Deluxe အခန်းကိုယူဖြစ်ပါတယ်။ ရန်ကုန်ထဲက သင်္ကြန်တွင်း Package ကိုယူခဲ့တာဖြစ်ပါတယ်။ အခန်းကတော့ ကျယ်ဝန်းပြီး အတော်ကောင်းပါတယ်။ ပြောင်လက် သန့်ရှင်းနေတဲ့ သစ်သားကြမ်းခင်းက အမြဲဂရုစိုက်ထားတာကို သက်သေပြနေပါတယ်။

Executive Deluxe အခန်း

Executive Deluxe အခန်း

Executive Deluxe ရေချိုးခန်း၊ အိမ်သာ

Executive Deluxe အခန်း

မွေ့ယာလဲတော်တော်ကောင်းတာ ကိုအသုံးပြုထားပြီး ဌက်မွှေးခေါင်းအုံးတွေက စိတ်ကျေနပ်စရာပါပဲ။ အခန်းတွင်း Decoration လဲသပ်ရပ်ပြီး နွေးနွေးထွေးထွေး ရှိပါတယ်။ ရေချိုးခန်းသုံးပစ္စည်းတွေ အတော်စုံလင်အောင်ထားပေးပါတယ်။ Dryer တောင် ရိုးရိုး Dryer မျိုးမဟုတ်ပဲ ဆံပင်ကောက်ထားသော မိန်းကလေးများ အတွက်အတော် အဆင်ပြေသည့် Dryer ဖြစ်တာကြောင့် Best Trip အဖွဲ့ထဲမှ ဆံပင်ကောက်နှင့် မိန်ကလေး ၂ယောက်တော့ အတော်ပျော်နေပါတယ်။ ရေချိုးခန်းသုံးပစ္စည်းတွေကလဲ အရည်သွေးကောင်း ပစ္စည်းတွေကို သုံထားတာတွေ့ရပါတယ်။

ဘယ်လောက်ပဲ ရေကစားထားပါစေ Hotel မှာ ဆံပင်ကောက်အတွက် Dryer ရှိတော့ ပူစရာမလိုတော့ဘူးပေါ့....

ဒီဟိုတယ်မှာ ထူးခြားတာတော့ သဘက်တွေကို Room Service ဝင်တိုင်း သဘက်တွေလဲမပေးပါဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ရေချိုချွေတာ သောကြောင့်ပါလို့ တွေ့ရပါတယ်။ ပင်လယ်ကမ်းခြေ လိုနေရာမျိုးမှာ ရေချိုချွေတာသင့်တာလဲ ကောင်းသည့်အချက်ပင်။

Room Service ဝန်ထမ်းတွေလဲ ဒေသခံတွေများပြီး ရိုးသား ဖော်ရွေပါတယ်။ တခါတခါ မေးထားတာတို့ကို ရနိုင်၊ မရနိုင် ပြန်အကြောင်းမကြားတာမျိုးတော့ရှိပါတယ်။
မနက်စာတော့ ကျွန်တော်တို့လို မြန်မာလူမျိုးတွေတွက်တော့ နည်းနည်း အဆင်မပြေပါဘူး။ နိုင်ငံခြားသား အကြိုက်မျိုးချက်ထားပြီး၊ အနောက်တိုင်း မနက်စာကြိုက်သူတို့ အတွက်တော့ အကြိုက်ပင်။ ပေါင်မုန့်မျိုးစုံ၊ Puff မျိုစုံ၊  ဒိန်ခဲမျိုးစုံနှင့် Pan Cake တို့ရနိုင်တာတော့ ထူးခြားပါတယ်။

နိုင်ငံခြားသားများ အကြိုက် Buffet Breakfast

နိုင်ငံခြားသားများ အကြိုက် Buffet Breakfast

Coffee နှင့် Tea ကိုကိုယ်တိုင် ယူနေစရာမလိုပဲ Waiter တွေကလိုက်ဌဲ့ထဲ့ပေးပါတယ်။

ဟိုတယ်က ယူထားတဲ့ Package မှာ Dinner ပါတာကြောင့် ဟိုတယ် Restaurant က Dinner လက်ရာကိုလဲ မြည်းစမ်းခဲ့ရပါတယ်။ ရောက်ရောက်ခြင်း အကြိုနေ့ အစားအစာတွေတော့ အဆင်မပြေပါ။ နောက်နေ့ကစပြီးပြန်ခါနီးညထိ တော့အကြိုက်တွေ့ခဲ့ပါတယ်။

အရမ်းကောင်း တဲ့ သဲဂဏန်းကို Buffet ပေးတာတော့ အကြိုက်ဆုံးပင်။ သဲဂဏန်းက တခြားဂဏန်းလို အခွံအရမ်း မမာပဲ၊ အသားများကာ အသားထုပ်စားရတာ လွယ်ပါတယ်။ ငွေဆောင်တို့၊ ချောင်းသာတို့မှာတော့ မတွေ့ဖူးပဲ မြိတ် နှင့် ငပလီမှာပဲများများစားစား တွေ့ဖူး၊ စားဖူးပါတယ်။

အချိုပွဲတွေလဲတော်တော် ကောင်းကောင်းပေးထားပါတယ်။ ပလိန်းကိတ်ကို အချပ်တွေလှီးပြီး ပူတင်းလုပ်ထားတာတော့ အရသာရှိပါတယ်။ ပူတင်းကို နာနတ်သီးလေးနှင့်ရောစား ကြည့်တော့ နာနတ်သီးချိုချဉ်နှင့် ပူတင်းချိုအီအီကတော့ လိုက်ဖက်လှပါတယ်။

Restaurant က waiter တွေလဲ ဖော်ရွေပါတယ်။ စားပွဲကို အဝေးက စောင့်ကြည့်နေပြီး မရှုတ်ရအောင် စာပြီးတဲ့ပန်းကန်ဆို ချက်ချင်းကိုလာသိမ်းပေးပါတယ်။

Package ထဲမှာပါတဲ့ Buffet Dinner

Package ထဲမှာပါတဲ့ Buffet Dinner

Dinner စားချိန်အတွင်း Jade Marina Resort ရဲ့ ဖျော်ဖြေရေး အစီအစဉ်

Dinner စားချိန်အတွင်း Jade Marina Resort ရဲ့ ဖျော်ဖြေရေး အစီအစဉ်

Dinner စားချိန်အတွင်း Jade Marina Resort ရဲ့ ဖျော်ဖြေရေး အစီအစဉ်

• ငပလီမှာ စာဖြစ်ခဲ့တဲ့ စားသောက်ဆိုင်လေး •
နေ့လည်တွေမှာတော့ ဓာတ်ပုံရိုက်၊ ရေကစား နေတာကြောင့် တစ်ခါတစ်လေ နေ့လည်စာတောင် စားဖို့ မေ့နေပါတယ် :D ။ တစ်ရက်မှာတော့ နေ့လယ်စာကို ဟိုတယ် အစားအစာမဟုတ်ဘဲ ဒေသစာ စားရအောင် မေးမြန်းပြီး Family ဆိုတဲ့ဆိုင်လေးကိုရောက်လာ ခဲ့ပါတယ်။

ဆိုင်အပြင်ဆင်ကတော့ အပြင်မှာ သစ်ပင်လေးတွေ စိုက်ထားပြီး အရိပ်ရကာ၊ သစ်သားကြမ်ခင်းနှင့် အတော် သပ်ရပ်သန့်ရှင်းပါတယ်။ ဆိုင်ရှင်ကလဲ နွေနွေးထွေထွေး ရှိပါတယ်။ ဘယ်ဟင်းကို ဘယ်လိုလေးချက်ပြီး ဘယ်လိုလေးဆိုကောင်းတာ ဆိုပြီးသေချာရွေးပေးပါတယ်။

အစပ်လျှော့ခိုင်း တာမျိုး ပြင်ချင်တာလဲ ပြောပြီးပြင်ခိုင်းလို့လဲ ရပါတယ်။ ဆိုင်ရှင် Recommend နဲ့စားဖြစ်တာတော့ ဂုံးအချိုကြော်၊ ဟင်းလက်သုပ်၊ ငါသောက်စမ်း၊ ပုဇွန်ကင်သုပ် နှင့် ပုဇွန်တန်ပူရာ တို့ဖြစ်ပါတယ်။
ဂုံးအချိုကြော်ကို ခရုဆီထည့်ကြော်ထားတာဖြစ်ပြီး ဂုံးက လတ်လတ်ဆတ်ဆတ်ဖြစ်နေတော့ ချိုပြီး အလွန်စားကောင်းပါတယ်။ ဂုံးဟင်းထဲ ခရမ်ချဉ်သီး အစိမ်းရောင်ကိုထည့်ကြော်တာတော့ သိပ်မလိုက်ဖက်သလိုပါပဲ (ဒါပေမယ့် အရသာကတော့ ကောင်းပါတယ်)။ ဟင်းလက်သုပ်ကတော့ သခွတ်ပွင့်ကို ပဲကြာဇံ၊ ဘိုစားပဲနှင့်ရောကာသုပ်ထားပြီး ကြက်သွန်ကြော်၊ နှမ်းမဲလေးများဖြူးထားလို့ အတော် ခံတွင်းတွေ့ပါတယ်။

ပုဇွန်တန်ပူရာ မှာတော့ သိပ်မထူးခြားပဲ ပုဇွန်လတ်ဆတ်တော့ စာကောင်းပါတယ်။ ပုဇွန်ကင်သုပ်ကတော့ ရခိုင်သုပ်ဆန်ဆန်လေး ဖြစ်ပြီး နည်နည်းစပ်ပါတယ်။ ငါးသောက်စမ်းကတော့ အကြိုက်ဆုံးပင်။ ချဉ်၊ ငံ၊ စပ် အရသာရှိကာ လတ်လတ်ဆတ်ဆတ် ငါးအသားက ဆွဲဆောင်မှုရှိလှပြီး ခံတွင်းကောင်း စားမြိန်စေပါတယ်။ အစပ်မစားနိုင်ရင်တော့ ကြိုပြီး အစပ်လျှော့ခိုင်းလို့ရပါတယ်။

တရက်တော့ ငပလီ နာမည်ကြီး ပုလဲကျွန်းကိုသွားဖြစ်ပါတယ်။ ငပလီ ၏ တောင်ဘက်အခြမ်း အထက်ကျောင်းနဘေး မှာရှိတဲ့ လမ်းကလေးအတိုင်း ပင်လယ်ဘက်ဆင်းသွားရင် စက်လှေစုရပ်တွေ့့ပါ လိမ့်မယ်။ ဟိုတယ်မှ စက်လှေစီးရမယ့်နေရာကို ကိုယ်တိုင် သွားလဲရပါတယ်။ ဒါမှမဟုတ် စက်လှေငှားတဲ့သူကို လာကြိုခိုင်းလည်း ရပါတယ်။

Family စားသောက်ဆိုင်

Family စားသောက်ဆိုင်

• ပုလဲကျွန်းသိုု့ •
ပုလဲကျွန်းကို ၁၅ မိနစ်လောက် စက်လှေစီးသွားရပါတယ်။ စက်လှေက သစ်သားဖြင့်လုပ်ထားပြီး လှိုင်းသိပ်မထန်တော့ စီးရတာသက်တောင့်သက်သာ ရှိလှပါတယ်။ Life Jacket လဲပေးထားတာကြောင့် အန္တရာယ်ကင်းပါတယ်။ ရေလမ်းတစ်လျှောက်မှာတော့ အခြားစက်လှေတွေရယ်၊ Pleasant View Resort ရဲ့ ကျွန်းပေါ်က စားသောက်ဆိုင်အလှတွေရယ်၊ ပုလဲကျွန်းကမ်း ကပ်ခါနီး ရောင်စုံစက်လှေ အဝင်အထွက် လုပ်နေတဲ့ရှုခင်းတွေဟာ ဓါတ်ပုံဝါသနာရှင်တို့အတွက် အချိန်ကောင်းပေါ့။ ပုလဲကျွန်းမှာ ၃ - ၄ နာရီလောက်နေနိုင်ပြီး စက်လှေ အသွားအပြန် ၃၅,၀၀၀ ကျပ် ခန့်ကျသင့်ပါတယ်။ ပုလဲကျွန်းရောင်ရင် Snorkeling လုပ်နိုင်ဖို့ မျက်မှန်တွေပေးပါတယ်။

ပုလဲကျွန်း သို့

ပုလဲကျွန်း သို့ Best Trip အဖွဲ့သားများ စက်လှေနဲ့ ချီတက်

ပုလဲကျွန်း သို့ Best Trip အဖွဲ့သားများ စက်လှေနဲ့ ချီတက်

ပုလဲကျွန်း မှ ပြန်လာသော စက်လှေများ

ပုလဲကျွန်း မှာ Snorkeling လုပ်ဖို့ပြင််ဆင်

ပုလဲကျွန်း မှာ Snorkeling လုပ်ဖို့ပြင််ဆင်

အသန့်အပြန့် ကြိုက်ရင်တော့ ကိုယ်ပိုင် Snorkeling ယူသွားတာကောင်းပါတယ်။ တချို့စက်လှေတွေတော့ စျေးစစ်လို့ရပါတယ်။ ကျွန်တော်တို့စီးခဲ့တဲ့ Tony Boat Service မှာ ၄ ယောက်သွားတာ ၃ သုံးသောင်းနဲ့ စစ်လို့ရခဲ့ပါတယ်။ ထို့အပြင် ဝန်ဆောင်မှုအနေနဲ့ သူတို့ဆီက လူတစ်ယောက်ကို ကျွန်းပေါ်ထည့်ပေးလိုက်ပြီး ကျွန်တော်တို့ ယူလာတဲ့ ပစ္စည်းတွေကို တစ်ချိန်လုံး မငြီးမငြူထိုင်စောင့်ပေးနေပါတယ်။

ပုလဲကျွန်း မှာ Snorkeling လုပ်နေကြတဲ့ အခြားအဖွဲ့များ

Snorkeling ပြီလေ

Snorkeling ပြီလေ

Snorkeling ပြီလေ

ပုလဲကျွန်းက ရေအတော်ကြည်ပြီး Snorkeling လုပ်လို့ကောင်းပါတယ်။ ငါးရောင်စုံလေးတွေ၊ ရေမှော်ပင်တွေ ခရုတွေ၊ ကျောက်တုံး  ကျောက်ခက်တွေနှင့်ပြည့်နှက်နေ လို့ ရေအောက်ကမ္ဘာလေး တစ်ခုကို ရောက်သွားသလိုခံစားရမှာပါ။ ကျွန်းအနားတဝိုက် Snorkeling လုပ်လို့ရနိုင်တဲ့နေရာများ ၏   ရေအောက်ကြမ်းပြင်မှာ ကျောက်တုံးတွေ နေရာအနှံရှိနေလို့ တော်တော်သတိထားပြီး ရေငုပ်ရပါတယ်။

ငါးရောင်စုံလေးတွေ၊ ရေမှော်ပင်တွေ ခရုတွေ၊ ကျောက်တုံး  ကျောက်ခက်တွေ

ငါးရောင်စုံလေးတွေ၊ ရေမှော်ပင်တွေ ခရုတွေ၊ ကျောက်တုံး  ကျောက်ခက်တွေ

ရေအောက်ကို အရှင်းသားကြီး မြင်နေရတော့ အောက်ကရေမှော်ပင်တွေ၊ ရေညှိတက်နေတဲ့ ကျောက်တုံးကြီးတွေကို တစ်ခါတစ်ခါ ခြေထောက်နဲ့ နင်းရမှာ အသည်းတော့ယားစရာကြီးပေါ့ :D ။
ကျွန်တော်တို့ အဖွဲ့ကတော့ ရေအောက် movie နှင့် photo ပါ ရိုက်ဖို့ Mi (Xiaomi) phone ထုတ်တဲ့ဆီကပဲ ထုတ်လုပ်တဲ့ Yi Camera ယူသွားပါတယ်။ Camera နှင့် water case နှစ်ခုစလုံးကို ၁သိန်း ၂သောင်း လောက်ပဲမို့ တော်တော်လေး အဆင်ပြေပါတယ်။ Go Pro လောက်စျေးကြီးကြီးမသုံးချင်ရင် Yi ကတော်တော်ကို တန်ပါတယ်။

Tony Boat Service ၏ စက်လှေပိုင်ရှင်ပြောတာတော့ လူနဲပြီးအေးဆေးတဲ့ ရက်တွေဆို တံငါရွာအလည် နှင့် ပုလဲကျွန်း (သို့) သဲဲဖြူကျွန်းတို့မှာ နားပြီး နေလည့်စာကို ကျွန်းရောက်မှ ငါးဖမ်းပြီးကင်ပေးတဲ့ Tour မျိုးတွေလဲ စီစဉ်ပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အနီးနားက သံပရာချောင်း ဘက်လည်း သွားရောက် လည်ပတ်နိုင်ပါသေးတယ်။

Tony Boat Service ကို ဆက်သွယ်နိုင်မည့် အချက်အလက်များ -
Ph: 09 45 000 54 34
Email: tonyfamilyrestaurant@gmail.com

ငါးဖမ်းပြီးကင်ပေးထားတဲ့ နေ့လည်စာ လတ်လတ်ဆတ်ဆတ်

ငါးဖမ်းပြီးကင်ပေးနေ ကြတာပါ

ငါးဖမ်းပြီးကင်ပေးနေ ကြတာပါ

ပုလဲကျွန်း၊ သဲဲဖြူကျွန်း နှင့် တံငါရွာအလည်

ပုလဲကျွန်း၊ သဲဲဖြူကျွန်း နှင့် တံငါရွာအလည်

ပုလဲကျွန်း၊ သဲဲဖြူကျွန်း နှင့် တံငါရွာအလည်

ပုလဲကျွန်း၊ သဲဲဖြူကျွန်း နှင့် တံငါရွာအလည်

ငါးဖမ်းပြီးကင်ပေးထားတဲ့ နေ့လည်စာ လတ်လတ်ဆတ်ဆတ်

ငါးဖမ်းပြီးကင်ပေးထားတဲ့ နေ့လည်စာ လတ်လတ်ဆတ်ဆတ်

ငါးဖမ်းပြီးကင်ပေးထားတဲ့ နေ့လည်စာ လတ်လတ်ဆတ်ဆတ်

သံပရာချောင်း

သံပရာချောင်း

သံပရာချောင်း

သံပရာချောင်း

ပုလဲကျွန်းပေါ်မှာတော့ ဆိုင်လေး တစ်ဆိုင်ရှိပြီး ရေသန့်ဘူး၊ အအေး စတာတွေရနိုင်ပါတယ်။ စည်းကမ်းမရှိတဲ့ ဧည်သည်အချို့ ကမ်းစပ်မှာမုန့်စားပြီး ကမ်းစပ်မှာ အမှိုက်ပြစ်တာတော့ အကြည်းတန်ပါတယ်။

ကျွန်တော်တို့ အဖွဲ့ဟာ သုံးနာရီလောက် Snorkeling လုပ်ပြီးနောက် ဟိုတယ်ကို ပြန်ခဲ့ပါတော့တယ်။

• အိမ်အပြန်လက်ဆောင် •

အိမ်အပြန်လက်ဆောင် အနေနဲ့တော့ ကောက်ညှင်းထုပ် သေးသေးလေးတွေ ရှိပြီး အငံ အရသာ အနည်းငယ်နှင့် စားမြိန်ပါတယ်။ လေယာဉ်ကွင်းနားမှာ ဝယ်ယူနိုင်ပါတယ်။ ရွာထဲတွေမှာလဲ မှာယူလို့ရပြီး ရောင်းတန်းထက် ပိုကောင်းတယ်ပြောပါတယ်။ မှာယူဖို့ေတော့ Restaurant တွေမှာမေးကြည့်လို့ ရနိုင်ပါတယ်။

ပုဇွန်ခြောက်၊ ငါးခြောက်များကိုတော့ သံတွဲဘက် နှင့် လေယာဉ်ကွင်းဘက် သွားတဲ့လမ်းဆံ ုအကျော်လေးမှာ ရပါတယ်။ ပုဇွန်ခြောက်လဲ အတော်သန့်ပြီး ကောင်းပါတယ်။ စျေးကြီးတယ်ထင်ပြီး မဝယ်ခဲ့မိဘဲ ရန်ကုန်ရောက်မှ ရန်ကုန်၊ ချောင်းသာတို့ကစျေးထက် သက်သာမှန်းသိခဲ့ရပါတယ်။

ရခိုင်ခြောက်(ငါးနီတူခြောက်) ကတော့ စျေးသင့်၊ သန့်ရှင်းပြီး လတ်ဆတ်ပါတယ်။ တခြား ငါးခြောက်တွေ လဲများပြီး သိပ်မသိလို့ မဝယ်ဖြစ်ခဲ့ပါဘူး။

အားသာချက်
-    ရန်ကုန်မှ ငပလီထိ ကားလမ်းကောင်း
-    ကားဆီဖိုးလဲသက်သာ
-    ပင်လယ်ရေကြည်ကြည်၊ သဲဖြူဖြူ
-    ဟိုတယ် တွေကောင်း
-    အေးဆေး ငြိမ်သက်
-    ငပလီ အနီးနား လည်ပတ်စရာများပြား
-    ပင်လယ် ရှုခင်းလှ
အားနည်းချက်
-    ကမ်းခြေမှာ အမှိုက်များရှိ
-    ဟိုတယ်စျေးကြီး
-    အစားအသောက်လဲ စျေအနည်းငယ်ကြီး

 
Undefined
Linn Phyo's picture

Linn Phyo

Traveller