• Create Trip Plan
  • Favorite Place
  • Check in Place

Inn Daw Gyi Pagoda Festival

Festival Date: 
Mar 05, 2017 to Mar 13, 2017

မြန်မာပြည်အထက်ပိုင်းတွင်တည်ရှိသည့် တန်ခိုးကြီးဘုရားများတွင် တစ်ခုအပါအဝင်ဖြစ်သော အင်းတော်ကြီးဘုရားပွဲတော်အား (5-March-2017 မှ 13-March-2017) ထိကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။

ရေလယ်ဘုရားများတွင်တစ်ခုအပါအဝင်ဖြစ်သော အင်းတော်ကြီးဘုရားသည် အင်းတော်ကြီးကန်လယ်အတွင်းတွင်တည်ရှိပြီး ထူးဆန်းမှုတစ်ခုမှာ ဘုရားပွဲတော်ရက်အတွင်းတွင် ဘုရားသို့သွားရန် သဲသောင်ခုံလမ်းတစ်ခုပေါ်လာခြင်းပင်ဖြစ်ပါသည်။

ပွဲတော်အတွင်းလာရောက်ကြသော ဘုရားဖူးပြည်သူများသည် ဘုရားသို့ စက်လှေဖြင့်လည်းကောင်း သဲသောင်ခုံလမ်းမှလည်းကောင်း သွားရောက်ဖူးမြော်နိုင်ကြပြီး စက်လှေဖြင့်ဘုရားသို့သွားရောက်ပါက ဇင်ယော်များကို အစာကျွေး ကုသိုလ်ယူခြင်းများ လည်းပြုလုပ်နိုင်ပါသည်။

ဘုရားပွဲတော်ပြီးဆုံးပါက ဘုရားသို့သွားရာ သဲသောင်ခုံလမ်းသည် ရေအောက်သို့ အလိုလိုထူးဆန်းစွာ ကွယ်ပြောက်သွားမည်ဖြစ်ပါသည်။ အင်းတော်ကြီးဘုရား၏ထူးခြားချက်မှာ နှစ်စဉ်ဘုရားပွဲတော်မတိုင်မှီ လေပြင်းများတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။ ဘုရားပွဲမတိုင်မှီ ကန်ထဲတွင်ရှိသော အညစ်အကြေးများအား သန့်စင်ခြင်းဖြစ်သည်ဟုလည်း ပြောစမှတ်ရှိ ကြပါသည်။

ထိုကဲ့သို့တန်ခိုးကြီးသော အင်းတော်ကြီးဘုရားပွဲတော်အား best trip traveller တို့ မရောက်လိုက်ရမရှိစေရန် best tripမှ ဘုရားပွဲတော်ကျင်းပမည့် အချိန်အား သတင်းကောင်းပါးလိုက်ပါတယ်နော်..

Photo by : Myanmar Handicrafts (Thanks for sharing your photo).