တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကြီးပြင်းနေထိုင်ခဲ့ပြီး ကော့သောင်းမြို့ဒေသခံတစ်ဦးဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံအထူးပြုဖြင့် အဆင့်မြင့်ပညာလေ့လာသင်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် အဏ္ဏဝါသိပ္ပံအထူးပြု သိပ္ပံဂုဏ်ထူးဘွဲ့ကိုရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး၊ မဟာတန်းအတွက်တင်သွင်းခဲ့သောကျမ်းမှာ သန္တာကျောက်တန်းများကို အထူးပြုလေ့လာခဲ့ပါသည်။ မဟာသုတေသနအတန်း (MRes;) သို့တက်ရောက်ရန်အဆင့်မှီခဲ့ပါသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနှင့် တက္ကသိုလ်များ၏ အဏ္ဏဝါသုတေသနလုပ်ငန်းများတွင် ဒေသခံကျောင်းသားဟောင်းတစ်ဦးအဖြစ်ပါဝင်ကူညီလုပ်ကိုင်ခဲ့ရင်း၊ ၂၀၁၅ ခုနှစ်တွင် Tourism လုပ်ငန်းများတွင်စတင်လေ့လာလုပ်ကိုင်ကာ Marine Conversation လုပ်ငန်းများကိုလည်း စိတ်ပါဝင်စားစွာဖြင့် Tourism လုပ်ငန်းများဖြင့်အနေ့အချိန်အထိပူးတွဲလုပ်ကိုင်လျက်ရှိပါသည်။