• Create Trip Plan
  • Favorite Place
  • Check in Place

MGRG Express [Mandalay-Bagan]

MGRG Express

MGRG Express သဘောင်္စီးပြီး ခရီးသွားမယ်။ ပုဂံကိုကားနဲ့ရော လေယာဉ်နဲ့ရော သွားဖူးကြပါလိမ့်မယ်။
ရေလမ်းကနေသင်္ဘောစီးသွားတာက ခံစားမှုအသစ်အဆန်းလေးဖြစ်တာကြောင့် ဒီတခေါက်စီးဖြစ်ခဲ့တဲ့ မန္တလေး၊ပုဂံသင်္ဘောခရီးစဉ်လေးကို
မျှဝေလိုက်ပါတယ်။ MGRG Expressသဘောင်္ခရီးစဉ်ကိုတော့ မန္တလေးမှပုဂံ၊ ပုဂံမှမန္တလေးနှစ်သက်ရာ ရွေးချယ်စီးနိုင်ပါတယ်။ ခုလိုပွင့်လင်းရာသီမှာတော့ နေစဉ်ပြေးဆွဲတယ်လို့ သိရပါတယ်။

မန္တလေး သာယာဝတီဆိပ်ကမ်းနံနက်ခင်း

မန္တလေး သာယာဝတီဆိပ်ကမ်းအနီးက ရေပေါ်စားသောက်ဆိုင်

လက်မှတ်ဝယ်ဖို့
=============
ဖုန်းလေးနဲ့Bookingတင်ထားရုံပါပဲ။ လက်မှတ်ရောင်းတဲ့ညီမလေးတွေက viberကတဆင့် လက်မှတ်ကိုပို့ပေးပြီး၊ စီးမယ့်နံနက် သင်္ဘောပေါ်ရောက်မှ ပိုက်ဆံရှင်းရုံပါ။ စျေးကတော့ မြန်မာနိုင်ငံသားတစ်ဦးကို ကျပ် 25000ကျပြီး ၊နိုင်ငံခြားသားကတော့ တစ်ဦး 42$ ပါ။
Mandalay - 09444008945,0943201735
Bagan - 09258668080

မန္တလေးကနေပုဂံကို သင်္ဘောစီးပြီးသွားချင်တဲ့ ရန်ကုန်ကကျွန်တော်တို့လို့ လူတွေအတွက်ကတော့ မန္တလေးမှာတစ်ညအိပ်၊ နောက်နေ့နံနက် ၆နာရီခွဲလောက် ဆိပ်ကမ်းကိုဆင်းရင် ခရီးမပန်းပဲပိုအဆင်ပြေပါတယ်။ ဆိပ်ကမ်းကနေ သဘောင်္ထွက်ခွာချိန်က နံနက် ၇နာရီဖြစ်တာကြောင့် သဘောင်္ဆိပ်ကို နံနက် ၆ခွဲလောက်ရောက်ရင်ရပါပြီ။

နှုတ်ဆက်ခဲ့ပြီမန်းဌာနီ သင်္ဘောကြီးထွက်ခဲ့ပြီ ~~~
×××××××××××××××××××××××××××××××××
မန္တလေး ထင်းဝင်းဆိပ်ကမ်းကနေ နံနက် ၇နာရီစတင်ထွက်ခွာပြီး ညောင်ဦးဆိပ်ကမ်းနားက သာယာဝတီဆိပ်ကမ်းကို ညနေ ၄နာရီဆို ဆိုက်ရောက်ပါတယ်။ ပုဂံကနေမန္တလေးလာတဲ့သူတွေကတော့ မန္တလေးထင်းဝင်းဆိပ်ကမ်းကို ညနေ ၅နာရီလောက်ဆို ရောက်ရှိမှာပါ။

MGRG ၏ ဝန်ဆောင်မူ
==================
နံနက်စာ၊နေ့လည်စာနဲ့ မွန်းလွဲ အဆာပြေဆိုပြီးပါဝင်ပါတယ်။ နံနက်စာကျွန်တော်တို့စားခဲ့ရတာကတော့ ကြက်ဥပြုတ်၁လုံး၊ မုန့်၂ခု၊ဌက်ပျောသီး၁လုံး၊ ကော်ဖီ၁ခွက်ပါဝင်ပြီး နေ့လည်စာမှာတော့ ထမင်းရယ်၊ အရွက်ကြော်၁မျိုး၊အသုတ်၁မျိုးရယ် ကြက်ကုန်းဘောင်ကြီးကြော်၁မျိုးရယ်ပါဝင်ပါတယ်။ မွန်းလွဲ၂နာရီလောက်ကျတော့ ကော်ဖီရယ်၊ပေါင်မုန့်ကြက်ဥကြော်ရယ် ကျွေးပါတယ်။ Receptionမှာတော့ ရေသန့်၊ အချိုရည်၊ ဘီယာတို့ကိုလည်းဝယ်ယူလို့ရပါတယ်။

Article writer

စစ်ကိုင်းတောင်ရိုးအလှ

သင်္ဘောစစ်ကိုင်းတောင်ရိုးနားရောက်နေပါပြီ

နံနက်စာ

Article writer

ဧရာမြစ်ပြင်ကြောဝယ်
=================
မန်းရွှေမြို့တော်ကနေစတင်ထွက်ခွာလာပြီဆိုတာနဲ့ မြစ်ကြောင်းတလျောက် အကုန်လုံးကတော့မျှော်ငေးစရာ၊ ဓာတ်ပုံရိုက်စရာတွေချည်းပါပဲ။ ဆောင်းနံနက်ခင်းဆိုတော့ မြစ်လေလေးကလဲအေးစိမ့်စိမ့်။ ဇေယျာရွှေမြေလို့အဆိုရှိတဲ့ စစ်ကိုင်းတောင်ရိုးတလျောက်နားကို ကျွန်တော်တို့သင်္ဘောကြီး ဖြတ်သန်းသွားချိန်မှာ သင်္ဘောရဲ့ ဘယ်ဘက်တဖက်ကမ်းဆီက ရွှေကြက်ကျစေတီကို ဖူးမျှော်ရသလို စစ်ကိုင်းတောင်ရိုးတလျောက်က ရှုမျှော်ခင်းနဲ့ ထုံးဖြူဖြူ စေတီပုထိုးများကို မျက်စိတဆုံး ဖူးမျှော်ရှုမြင်ရပုံကလည်း ကြည်နူးဖို့ကောင်းလှပါတယ်။ စစ်ကိုင်းတံတားအောက်က ဖြတ်သန်းရချိန်မှာတော့ အဆိုတော်ကြီးဒေါ်ရီရီသန့်ရဲ့သီချင်းလေးကို အမျိုးသားဗားရှင်းလေးနဲ့ပြောင်းဆိုမိလိုက်ပါသေးတယ်။

♡♡♡စစ်ကိုင်းတံတားတဖက်ဆီကို~~
♡♡♡သူလာမလားလို့ မျှော်မှန်းမိသည်~~
♡♡♡အဝေးဘယ်ဝယ်ဘယ်ဆီ~~ ♡♡♡မေရောက်နေသည်လည်း~~မောင်မသိတော့သည်
(အသံမကောင်းတာတော့ခွင့်လွှတ် :P ) လွမ်းဖို့တော့ကောင်းသားဗျ။

စစ်ကိုင်းကနေ မြင်းမူ၊ ဆီမီးခုံ၊ နဂါးပေါက်ရွာတို့ကို ဖြတ်ကျော်ပြီးချိန်မှာတော့ ဖတ်ခဲ့ဖူးတဲ့ ဆရာမခင်ခင်ထူးရဲ့ အညာသူအညာသား ကျွန်မဆွေမျိုးများ ကိုပြေးသတိရမိပါ့။ ဒီလိုနဲ့ ကျွန်တော်တို့သင်္ဘော သမိုင်းဝင်ရန္တပိုရွာလေးနားကို ရောက်ရှိလို့လာခဲ့ပါတယ်။ သင်္ဘောပေါ်က နိုင်ငံခြားသားမိသားစုကတော့ ရန္တပိုရွာလေးမှာ ဆင်းကျန်ခဲ့ပါတယ်။ ရန္တပိုရွာစပ် ဧရာဝတီမြစ်ကမ်းနဖူးပေါ်မှာတော့ ပထမအင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းစာချုပ်(ရန္တပိုစာချုပ်)ချုပ်ဆိုခဲ့တဲ့ အထိမ်းအမှတ် ရန္တပိုကျောက်တိုင်ကိုလှမ်းမြင်တွေ့ရသလို မြစ်ကမ်းနဖူးတလျှောက်မှာ ရွာကထွက်တဲ့အိုးတွေကို စီရရီ ခင်းထားပုံကလည်း နှစ်သက်စရာ အလွန်ကောင်းလှပါတယ်။ အခါအခွင့်သင့်ရင်တော့ ရန္တပိုရွာလေးကို သက်သက်သွားလည်ချင်မိပါရဲ့။ ရန္တပိုရွာကနေစုန်လာလိုက်တာ မြင်းခြံ၊ မြင်းခြံကနေ သဲသောင်တွေပေါများလွန်းတဲ့ ပခုက္ကူကိုရောက်ရှိခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ အရှည်ဆုံးပခုက္ကူတံတားကြီးအောက်ကို ဖြတ်သန်းလာချိန် လက်ကနာရီငုံ့ကြည့်လိုက်တော့ အချိန်က ညနေ ၃ နာရီကျော်။ မနက်ကတည်းကထွက်လာလိုက်တာ နေတောင်စောင်းလာပါပေါ့လား။

စစ်ကိုင်းတံတားအောက်

စစ်ကိုင်းတံတား

စစ်ကိုင်းတံတား

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

သင်္ဘောပေါ်မှာ

MGRG Express's Lunch

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

ရန္တပိုရွာကအိုးများ

ရန္တပိုရွာမြစ်ကမ်းနဖူးဘေးက စေတီ

ရန္တပိုရွာမြစ်ကမ်းနဖူးဘေးက စေတီ

MGRG Express

MGRG Express

ပုဂံမြို့အလှ အဝေးကပင်မြင်နိုင်ပါသည်~~~
================================
ဟော••• ဟိုမှာ မှိုင်းညို့ညို့နဲ့ တန့်ကြည့်တောင်တန်းကြီးက ကျွန်တော်တို့ကိုဆီးကြိုနေပြီ။
ဟိုး ခပ်လှမ်းလှမ်း လွင်ပြင်ကြီးပေါ်မှာလည်း ပုဂံရဲ့ သင်္ကေတ စေတီလေးတွေကို ခပ်ပြပြမြင်နေရပြီ။ ညနေ ၄နာရီထိုးခါနီးအချိန်မှာတော့ သဲသောင်ဖွေးဖွေးပေါ်မှာ စောက်နက်နက်နဲ့ လှချင်တိုင်းလှနေတဲ့ နတ်သမီးကမ်းပါးကြီးကို ဘွားခနဲ လှမ်းမြင်လိုက်ရတော့တာပါပဲ။ ဆရာဇော်ဂျီပုဂံမြို့ဟောင်းကို ရေလမ်းခရီးလာပုံအတိုင်း ထပ်တူခံစားမိပါရဲ့။ အနီးစပ်ဆုံးဥပမာပေးရရင် ကိုယ်သိပ်စွဲလမ်းနှစ်သက်ဖူးတဲ့ ရုပ်ရှင်တစ်ကားကို အပြင်မှာကိုယ်တိုင်သရုပ်ဆောင်လိုက်ရသလိုပေါ့။ ကျွန်တော်ကအဓိကဇာတ်ဆောင်ပေါ့လေ :P

ညောင်ဦးဆိပ်ကမ်းဘေးက သာယာဝတီဆိပ်ကမ်းကို သင်္ဘောဆိုက်ကပ်ချိန်မှာတော့ ကျွန်တော်တို့ရဲ့ မန္တလေး ပုဂံ သဘောင်္ခရီးစဉ်ကြီး အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ အထုပ်အပိုးတွေသယ်ရင်း ဧရာဝတီမြစ်ကမ်းပါးကို လှမ်းတက်လိုက်တယ်ဆိုရင်ပဲ ပုဂံမြေဟာ ကျွန်တော့်ကို ခါတိုင်းလို မိခင်ရင်ခွင်ကဝေးနေတဲ့သားတစ်ယောက်ကို ကြိုဆိုသလို နွေးထွေးစွာ ကြိုဆိုနေလေရဲ့ •••••

အညသူအညာသား ကျွန်တော်ဆွေမျိးများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

ပခုက္ကူတံတားကြီး

နတ်သမီးကမ်းပါး

MGRG Express သင်္ဘောပေါ်မှ မြင်ခွင့်ရတဲ့ ရှုခင်းများ

သင်္ဘောပေါ်ကReception

ရန္တပိုရွာသို့ကူးသွားသော နိုင်ငံခြားသားများ

မြစ်ကမ်းနဖူးက ရန္တပိုကျောက်စာတိုင်

Undefined
Kyaw Swar Han's picture

Kyaw Swar Han

Top Traveller