• Create Trip Plan
  • Favorite Place
  • Check in Place

SoonYeInn [Near Mandalay]

SoonYeInn [Near Mandalay]

• စွန်ရဲအင်းမှ ကြာပန်းလေးများဆီသို့ •

အားလပ်ရက်လေးမှာ စိတ်ပြေလက်ပျောက်လေးဖြစ်စေချင်တာနဲ့ အခုတလောSocial media ဖြစ်တဲ့ Facebook မှာရေပန်းစားပြီးနာမည်ကြီးနေတဲ့ စွန်းရဲအင်းက ကြာပန်းလေးများဆီကို အလည်တခေါက်ရောက်ခဲ့ရပါတယ်။စွန်ရဲအင်းကို ဟိုးအရင်ကတည်းက ကြားဖူးပေမဲ့ အခုမှရောက်ဖြစ်သွားတော့တယ်။ facebook ပေါ်မှာ သွားခဲ့သူတွေတင်ထားတဲ့ ပုံလေးတွေကလှပြီး ဆွဲဆောင်နေတာကြောင့် ရောက်ဖြစ်သွားတယ်ဆို ပိုမှန်ပါလိမ့်မယ်။

• ဘယ်လိုသွားရမှာလည်း •
ကျွန်တော်တို့ကတော့ အင်းကို မန်းလေးကနေသွားတာပါ။ မန်းလေး - ကျော က်ဆည်လမ်းကနေသွားရပြီး စဉ်းကိုင်မြို့အကျော် ကျောက်ဆည်မရောက်ခင် ေကျာက်ဆည် တောမတက္ကသိုလ်ကနေ ကား (ဆိုင်ကယ်)နဲ့ 10 မိနစ်လောက်မောင်းလိုက်ရင် လမ်းလယ်မှာ "ဘဲလင်းရွာမှကြိုဆိုပါ၏ "ဆိုတဲ့ အင်္ဂတေဆိုင်းဘုတ်လေးရှိပြီး ။ ထိုကနေ ရှေ့ဆက်ပြီး 3 မိနစ်လောက်မောင်းလိုက်ရင် နည်းပညာစွမ်းရည်မြှင့် သင်တန်းကျောင်းသို့ဆိုပြီး ညွှန်ပြထားတဲ့ ကျောက်ချောလ မ်းလေးရှိပါတယ်။ ထိုလမ်းလေးအဝင်ဝမှာ ဲလင်းကျောက်ပြားစက်ရုံလမ်းဆို့ပီး ဆိုင်းဘုတ်အကြီးကြီးရှိပါတယ်။ ထိုလမ်းကနေ ဆက်သွားရင် လမ်းခွဲလေးတစ်ခုရှိပါတယ်။ သင်တန်းကျောင်းကို သွားတဲ့လမ်းအတိုင်း ဆက်လိုက်ပြီး လမ်းမှာရွာတွေကို ဖြတ်ရပါတယ်။ စွန်ရဲရွာရောက်ဖို့ 2 မိုင်လောက်တော့ မောင်းရပြီး စွန်ရဲရွာဆိုင်းဘုတ်လေးတွေပြီဆိုရင် ညာဖက်ကွေးပြီး ရွာထဲကိုကျော်လိုက်ပြီဆိုရင် ကျွန်တော်တို့ တွေ့ချင်နေတဲ့ ကြာပန်းလေးများရှိတဲ့ စွန်ရဲအင်းကို ရောက်ပါပြီ။ အခုလိုပြောြပရတာက မိတ်ဆွေတို့သွားရင် မျက်စိမလည် လမ်းမမှားစေရအောင်ပါ။ ကျွန်တော်တို့ကတော့ နေရာမသိပဲသွားမိလို့ လမ်းတွေကျော်သွားမိတယ်။

စွန်ရဲအင်းမှ ကြာပန်းလေးများဆီသို့

• ဘာတွေရှိလည်း •
စွန်ရဲအင်းမှာ အဓိကရှိတာတော့ ကြာပန်းလေးတွေပေါ့။ ကြာပန်းတွေက သာမာန်ကြာမျိူးတွေနဲ့ မတူတဲ့ ပဒုမ္မာအနွယ်ဝင်တွေပါ။ ကြာပန်းတွေဆီသွားဖို့ လှေနဲ့သွားရပါမယ်။ လှေစီးခကတော့ တစ်ယောက်ကို 3000 ကျပ်ပါ။ အင်းထဲရှိကြာပန်းတွေဆီကို နာရီဝက်လောက်လှေစီးရပါတယ်။ စွန်ရဲအင်းကတော့ နာမည်ကျော်အင်းလေးကန်လို့ တောင်တန်းတွေဝိုင်းရံထားပြီး အင်းအကျယ်အဝန်းက တော င်သမန်အင်းလောက်ပဲ ရှိတာပါ။ ကြာပန်းတွေဆီရောက်ရင် လှေသမားကြီးတွေက ကြာပန်းတွေခူးပေးပြီး မိတ်ဆွေစိတ်တိုင်းကျ အရမ်းဂရုစိုက်လှပါတယ်။ ဧည့်သည်ကိုလည်း အရမ်းလေးစားပါတယ်။ နေမပူရင် လှေစီးရတာ ဇိမ်ရှိပါတယ်။ လေလေးကလည်း တဖြူးဖြူးနဲ့လေ။ အင်းရေအနက်ကတော့ 3 ပေလောက်ပဲရှိပါတယ်။

အစားစာကတော့ အင်းထဲကနေ ဖမ်းရတဲ့ ငါးကြော်၊ ငှက်ကြော် ၊ အကြော်စုံ နဲ့ အအေးရပါတယ်။ စျေးနူန်းတွေကလည်း ပုံမှန်ပါပဲ။ ရိုက်စားသဘောမျိုးမရှိပါဘူး။ စွန်ရဲအင်းကို သွားချင်ရင်တော့ မနက်စောစောသွားတာ အကောင်းဆုံးပါ။ အင်းထဲက ကြာပန်းတွေကို လန်းလန်းဆန်းဆန်းတွေ့ရပြီး ကြာပန်းတွေစတင်ပွင့်ပြီးဘယ်သူမှမခူးရသေးတော့ အရမ်းလှပနေလို့ပါ။ ပြီးတော့ နေမပူတော့ ပင်ပန်းတာလည်း သက်သာစေလို့ပါ။ ဒါ့ကြောင့် ကျောက်ဆည်မြို့အနားမှာရှိတဲ့ စွန်ရဲအင်းက ကြာပန်းလေးတွေဆီကို အားလပ်ရက်မှာ တခေါက်သွားဖို့ အကြံပေးချင်ပါတယ်။

Undefined
Kyaw Phyo Wai's picture

Kyaw Phyo Wai

Top Traveller