• Create Trip Plan
  • Favorite Place
  • Check in Place

Secret Places [Mandalay Palace]

လူတော်တော်များများက နန်းတော်ထဲဝင်လည်ရင် နန်းတော်ထဲတင် လည်ပီးပြန်ကျတာ များပါတယ် ခုပေးချင်တဲ့ information ကတော့ သွားနေကြမဟုတ်တဲ့ နေရာလေးတွေပါ။ မိုးအကုန်ဆောင်းအကူးဆိုတော့ သစ်ပင်တွေက စိမ်းစိုပြီး အရမ်းကို လှပနေပါတယ်။
--
• မင်းတုန်းမင်းတရားကြီး ဂူသချိုင်း နဲ့ ဗဟိုစည် •

နန်းတော်ရဲ့ အရှေ့မြောက်ဘက်မှာရှိတာပါ။ မင်းတုန်းမင်းကြီးရဲ့ အုတ်ဂူဝန်းထဲမှာပဲ မယ်တော်ကြီးအုတ်ဂူ(ပုဂံမင်းမယ်တော်)၊ ဆင်ဖြူ မရှင်(မင်းတုန်းမင်းမိဖုရား)၊ လောင်းရှည်မိဖုရား (သီပေါမင်းမယ်တော်) တို့ရဲ့ ဂူသချိုင်းများကို တစ်ပေါင်းတစ်စုထဲ တွေ့ရမှာဖြစ်ပါ။ ဆင်ဖြူ မရှင်မိဖုရားဟာ နန်းတော်မှာ သြဇာလွမ်းခဲ့သည့်အလျောက် အခြားမိဖုရားများရဲ့ ဂူသချိုင်းနဲ့မတူ ထူးခြားနေတာကိုလဲ တွေ့နိုင်ပါတယ်။
ဗဟိုစည် ကတော့ အပေါ်ကိုတက်ရမယ့် တံခါးက ပိတ်ထားပါတယ်။ နာရီအချက်ပေးနဲ့ စစ်ချီတက်တဲ့အခါ အသုံးပြု လေ့ရှိပါတယ်။
--

မင်းတုန်းမင်းတရားကြီး ဂူသချိုင်း

မင်းတုန်းမင်း နှင့် မိဖုရားသုံးပါး ဂူသချိုင်း

လောင်းရှည်မိဖုရား(သီပေါမင်းမယ်တော် )အုတ်ဂူ

မယ်တော်ကြီး(ပုဂံမင်း မယ်တော်) အုတ်ဂူ

ဗဟိုစည်တော်

• နန်းမတော်မိဖုရားကြီး ဂူသချိုင်း •
နန်းမတော်မိဖုရားရဲ့ ဂူသချိုင်းကတော့ မင်းတုန်းမင်းကြီးရဲ့ ဂူသချိုင်းအတွင်းမှာမတွေ့ရပဲ နန်းတော်ရဲ့ မြောက်ဘက် သုံးပတ်လျောနားလေးမှာ တွေ့ရမှာပါ။
--

နန်းမတော်ကြီး

• ဒင်္ဂါးစက်ရုံတော် •
ကနောင်မင်းသားကြီးတည်ခဲ့တဲ့ ဒင်္ဂါးစက်ရုံကိုတော့ မင်းတုန်းမင်း ဂူသချိုင်းအနီးမှာ တွဲလျက်မြင်တွေ့ရမှာပါ ဂျပန်ခေတ်က ဗုံးဒဏ်များကြောင့် အမိုးများမရှိတော့ပဲ မီးခိုးခေါင်းတိုင်နဲ့ လက်ကျန်အဆောက်အအုံကိုသာ မြင်တွေ့ရတော့မှာပါ။
--

ဒင်္ဂါးစက်ရုံ

ဒင်္ဂါးစက်ရုံ

• ဥပုသ်တော်ဆောင် •
မင်းတုန်းမင်း၏ နန်းဆောင်တော်ရ မိဖုရားတွေသာ ဝင်ထွက်ခွင့်ရှိတဲ့ ဥပုတ်တော်ဆောင်ဟာ ဗုံးဒဏ်မထိပဲ အကောင်းအတိုင်းကျန်ရှိနေတဲ့ အဆောက်အဦးဖြစ်ပါတယ်။ သင်သာအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုရင် ဥပုတ်တော်ဆောင်က လှေကားကိုတက်ရင်း မိဖုရားတွေရဲ့ ခံစားမူမျိုး ခံစားရကောင်း ခံစားရနိုင်ပါတယ်။ အဆောင်အတွင်းမှာ တံခါးပေါက်လေးပေါက်ရှိပြီး ဥဒေါင်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။ မျက်နှာကျက်မှာ လောကနတ်ရုပ်ပုံ ပန်းချီရေးဆွဲထားပါတယ်။ တည်နေရာကတော့ မင်းတုန်းမင်း ဂူသချိုင်းမနီးမဝေးမှာပါ။
--

ဥပုတ်တော်ဆောင်

ဥပုတ်တော်ဆောင် အဝင်လှေကား

ဥပုတော်ဆောင် အတွင်းပိုင်း

ဥပုတ်တော်ဆောင်တံခါးတွင်ဆင်ထားသော ဥဒေါင်းရုပ်

ဥပုတ်တော်ဆောင် မျက်နှာကျတ်

ပြည်လုံးချမ်းသာ ဘုရား

ပြည်လုံးချမ်းသာကုန်းမြင့်

• သုံးပါတ်လျော •
ဥပါတ်တော်အဆောင်အနီးမှာတော့ နှစ်ကာလ ကြာရှည်နေပြီဖြစ်တဲ့ သုံးပတ်လျောအမြင့်ကြီးကို မြင်တွေ့ရမှာဖြစ်ပါတယ်။
--

သုံးပတ်လျော

နန်းမြင့်မျော်စင်

• မြောက်ဥယျာဉ်ကန် •
သူက နန်းတော်ကြီးရဲ့ မြောက်မုဒ်တည့်တညိမ့ှာ တည်ရှိတာဖြစ်ပါတယ်။ ရှေးအခါက ရှင်ဘုရင်နဲ့ မိဖုရားတို့ ကစားရာ မြောက်ဥယျာဉ်အတွင်းမှာတည်ရှိပါတယ်။ ရှေးအခါက ကန်ဘေးမှာ သဲမြေတွေဖြစ်ပြီး လိပ်မများ လိပ်ဥလာဥလေ့ရှိပြီး မင်းသမီးများနဲ့ အပျိုတော်များက လိပ်ဥဖွက်တိုင်း ကစားလေ့ရှိတယ်လို့ သိရှိရပါတယ်။ အခုအခါမှာတေ့ာ ခရေပင်တန်းတွေနဲ့ သိပ်ကို လှပနေပါတယ်။ 
ဥယျာဉ်အတွင်းမှာ လေယာဉ်များ သံကျပ်ကားများ မီးရထား စက်ခေါင်းများကို တွေ့ရှိနိုင်ပါတယ်။ တစ်ရောနနဲ့ တစ်နေရာကူးတဲ့အခါ တံတားတွေက အတော်ကြီးကို ဆွေးမြည့် နေတာကြောင့် သတိထားစေချင်ပါတယ်။ 
မြောက်ဥယာျဉ် အတွင်းလည်ပတ်ရာ မှာတော့ တောအုပ်ငယ်ထဲ ဝင်လည်ရသလို ခံစားရမှာပါ။

မြောက်ဥယျာဉ်အတွင်း သစ်တောအုပ်

မြောက်ဥယျာဉ်ကန်

မြောက်ဥယျာဉ်အတွင်း သစ်တောအုပ်

မြောက်ဥယျာဉ်အတွင်း တံတားလေးများ

မြောက်ဥယျာဉ်အတွင်း တံတားလေးများ

မြောက်ဥယျာဉ်အတွင်း

မြောက်ဥယျာဉ်အတွင်း

မြောက်ဥယျာဉ်အတွင်း
Undefined
Thu Thu Khaing's picture

Thu Thu Khaing

Traveller