• Create Trip Plan
  • Favorite Place
  • Check in Place

Amazing Beach of 115 island

115 ကျွန်းကို စိတ်ဝင်တစားလည်ပတ်ချင်တဲ့ ခရီးသွားတို့အတွက်

• မိတ်ဆွေတို့ လာလည်ချင်တယ့် 115 က ကော့သောင်းခရိုင်အတွင်းမှာ တည်ရှိတယ့် ကျွန်းတစ်ကျွန်းဖြစ်ပြီး ကော့သောင်းမြို့ကနေ ရေမိုင် ၄၀ လောက်ဝေးပါတယ်။ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း အမြန်ရေယာဉ် ၂၇ ကပို့ဆောင်ပေးနေတယ်လို့ သိရပေမယ့်။ ကော့သောင်းမြို့ ကိုတော့ ပထမအဆင့်ရောက်ဖို့ လိုတာပေါ့။

•  ရန်ကုန်ကနေ ကော့သောင်း လေယာဉ်တွေလဲ နေ့တိုင်းပြေးဆွဲနေသလို မိမိအဆင်ပြေမယ့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတွေလဲရွေးချယ် စီးနှင်းနိုင်ပါတယ်။ ကားလမ်းကနေတဆင့် လဲလာလို့ ရသလို၊ ရေလမ်းကနေလဲ ထားဝယ်၊ မြိတ်ကနေတဆင့် လာလည်လို့ရပါသေးတယ်။ ဒါပေမယ့် နည်းနည်းတော့ ပင်ပန်းမှာပေါ့ ။

• ပြီးတော့ လည်စရာက အယ့် ကျွန်းတစ်ခုပဲ ရှိတာလားလို့မေးတယ့် မိတ်ဆွေ အတွက်ကတော့ တကယ်လည်မယ်ဆိုရင်တော့ တနသာ်ရီ ကမ်းရိုးတန်းမှာ ကျွန်းပေါင်း ၈ဝဝကျော်ရှ်ိပါတယ်။ လည်စရာ ကျွန်းတွေကတော့ သူ့ဟာနဲ့ သူ အများကြီးပေါ့ ။ ငွေကြေးရယ် အချိန်ရယ် တတ်နိုင်ရင်တော့ အကုန်သွားပေါ့။ :P

• အခုတလော hot ဖြစ်နေတယ့် ကော့သောင်းခရိုင် ထဲက ကျွန်းတွေက တော့ ကြက်မောက်ကျွန်း (သို့) အသည်းပုံကျွန်း၊ ၁၁၅၊ ခက်ရင်းခွကျွန်း၊ စေတန်ကျွန်း၊ ညောင်ဦးဖီး ကျွန်းတွေပဲဖြစ်ကြပါတယ်။

• ကော့သောင်းမြို့ပေါ်မှာကတော့ လည်စရာက မြို့ပေါ်မှာဆို ဘုရင့်နောင်ကုန်းမြေ၊ ယခင် Victoria Point ယခု ဘုရင့်နောင်အငူ ၊ သူဌေးကျွန်းဟိုတယ်၊ ရတနာကျွန်း ဟိုတယ်၊ ခက်ရင်းခွကျွန်း က Andaman Resort ၊ VictoriaCliff ၊ မလိဝမ်းရေတံခွန်၊ မလိဝမ်းရေပူတွင်း၊ အချိန်ရရင် ထိုင်းနိုင်ငံ ရနောင်းမြို့ ထိသွားရောက်လည်ပတ်လို့ရပါတယ်။

• ဇီဝဇိုး ငှက်မွေးမြူရေး လုပ်ငန်းတွေလဲ ရှိလို့ ငှက်သိုက်စစ်စစ်တွေလဲ အိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်လို့ရပါတယ်။

အလည်လာချင်တယ့် မိတ်ဆွေတွေရဲ့ ဆန္ဒနဲ့ အခက်အခဲကို ကိုယ်ချင်းစာပါတယ်။ ကိုယ်တခါမှ မရောက်ဘူးတယ့် ဒေသ တစ်ခုကို အလည်သွားဖို့ ဆိုရင် အရင်ဆုံး သေချာလေ့လာချင် စူးစမ်းချင် သိချင်ကြမှာပဲလေ။ ကျွန်တော်လဲ တတ်နိုင်တယ့် ဘက်က သိသလောက်လမ်းညွှန်ပေးပါရစေ။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာရှိတယ့် သဘာဝအလှတရားတွေဆီကို ဂုဏ်ယူစွာလည်ပတ်ရင်း
အားလုံး ဘဝ အမောတွေ ပြေပျောက်ကြပါစေ . . . . .လို့ ဆန္ဒပြုလျှက် ;)
ချစ်ခြင်းများစွာဖြင့် :*

 

Undefined
Daung Phyo's picture

Daung Phyo

Local Expert