• Create Trip Plan
  • Favorite Place
  • Check in Place

Travel to KALAW

Travel to Kalaw, Trekking Tour

အခုနှစ် မြန်မာနိုင်ငံမှာ အယ်နီညို ရာသီဥတုရဲ့ သက်ရောက်မှုကြောင့် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးနီးပါး အပူဒါဏ် ကိုပြင်းထန်စွာခံစား နေရပါတယ်။ ဒါကြောင့် ရန်ကုန် ကအပူရှောင် လိုသူများအတွက် အေးချမ်းပြီးသဘာဝအလှ တရားလေးတွေပြည့် နှက် နေတဲ့ တောင်စခန်းမြို့လေး • ကလော • ဆီသို့သွားရောက် လည်ပတ်ဖို့ လမ်းညွှန် ချင်ပါတယ်။

• Hotel •
ပထမဦးစွာ ကလောမှာ တည် းခိုလို ့ကောင်းမယ့် Hotel လေးတွေကိုလမ် းညွှန် ပေးပါမယ် ။ ကလောမှာ နာမည် ကြီး Hotel တွေကတော့
1. Kalaw Lodge
2. Hill Top Villa Resort
3. Dream Mountain Resort
4. Pine Hill Resort စသည် တို့ပဲဖြစ်ပါတယ်။

» ကလောမြို့ ပေါ် မှာ Hill Top Villa Resort ကတော့ တောင် ကုန် းမြင့်မြင့် လေး ပေါ်တွင် တည် ရှိပြီး ရှုခင် အကောင်ဆုံးဖြစ် တယ်။

တောင် ပေါ်ကနားခိုစရာ (Hill Top Villa Resort)

» Dream Mountain Resort

ကတော့ရှုခင် းလဲလှ၊ Interior Decoration ကလဲသန် ့ Breakfast ကလဲ တော် တော် အဆင် ပြေပါတယ်။

» နောက် ဆုံး အနေနဲ့ Pine Hill Resort ကတော့ ရေကူးကန် လဲရှိ၊ Fitness Centre လဲရှိပြီး ဧည့်သိပ် မကျတဲ့အချိန် တွေမှာ Early Check-In လဲ ပေးတတ် တာကြောင့် ရွေးချယ် ဖို့သင့် တော်ပါတယ်။

အေးချမ်းနဲ့ညလေးမှာ ဝိုင်သောက်ရင်း အပန်းဖြေအနားယူရန်

Pine Hill Resort - Poolside

Pine Hill Resort - Night Scene

• Transportation •

ရန်ကုန် ကနေ ကလောကို ကားနဲ့သွားမယ် ဆိုရင် JJ Express၊ Elite Express၊ ရွှေနန်းတော် Express တို့စသည် ဖြင့်ရှိကြပါတယ်။ ရန်ကုန် တောင်ကြီးကားတွေက ကလောကိုနံနက် ၅ နာရီဝန်းကျင် မှာရောက် လေ့ရှိပါတယ်။

• Places to Visit •
လည်စရာတခုအနေဖြင့် ကလောကနေ သဘာဝရူခင်းတွေအရမ် းလှတဲ့ • ရွာငံ • ကိုသွားရောက် လည် ပတ် ဖို့တိုက် တွန် းချင်ပါတယ်။ ရွာငံကို ကားဖြင့် စတင် ထွက် ခွာလာရင် တော့ သခင် မတောင် သို့သွားရာလမ် းတလျှောက် တွင် နီနီ၊ ဝါဝါ၊စိမ် းစိမ် းကောဇောများ ဖြန် ့ခင် းထားသလိုအံ့မခန် းလှပသော စိုက် ခင် းများက ဓာတ် ပုံရိုက် ရန် ဝါသနာပါသူများကို မရိုက် ချင် ရိုက် ချင် လာအောင် လက် ယပ် ခေါ်နေသလို ခံစားရပါလိမ့်မယ်။

ရွာငံတွင် လည် ပတ် စရာနေရာများကတော့
1. မိန် းမရဲ သခင်မတောင်
2. မြသပိတ် ရေပြာအိုင်
3. တောကျယ် ရေတံခွန်
4. ပြဒါးလင်းဂူ နှင့်
5. သီးနှံစိုက်ခင်းများပဲ ဖြစ်ပါတယ်။

ပထမဦးစွာ မိန် းမရဲ သခင်မတောင် ပေါ်ကိုတက် မယ် ဆိုရင် အစပိုင်းမှာအနည်းငယ်မတ်စောက် ပြီး တောင်တစ်ဝက် လောက်တက်ရောက် ပြီးရင် တော့ ဆက်လက်တက် ရောက်ဖို့ လွယ်ကူသွားပါပြီ။ တောင် ပေါ်မှာအစုစု သော စေတီငယ် လေးများနှင့် ဗုဒ္ဓရုပ် ပွားတော် များတည် ထားသည် ကို ဖူးတွေ့ရသည် မှာ အထူးစိတ် ကြည် နူးဖွယ် ကောင် းပါတယ်။ တောင်ထွတ် နေရာသို့ ရောက်ပါက ရွှေဘုန်းမြင့် စေတီ ကိုဖူးမြင် မျှော်ရပါမယ်။ တောင် ပေါ်မှ အောက် သို့လှန် းမျှော် ကြည့် လိုက် လျှင် စိမ်းစိုလှပသော စိုက် ခင် းများကို မျက် စိပသာဒဖြစ် ဖွယ် တွေ့မြင် ရပါတယ်။ တောင် ပေါ်ကနေ Sunset ကြည့် မယ် ဆိုရင် တော့ အလှဆုံးပေါ့။

ရွာငံ မိန် းမရဲသခင် မတောင်

အ ဝေးမှမြင် ရ သော မိန် းမရဲသခင် မ တောင်

အ ဝေးမှမြင် ရ သော မိန် းမရဲသခင် မ တောင်

မိန် းမရဲသခင် မတောင် အတက် အနည်းငယ် မတ်သည့် လှေကားများ

 

မိန် းမရဲသခင် မတောင် ပေါ်ရှိ ပုံတော်၊ တောင်ထွတ်ပေါ် ရှိ ရွှေဘုန်းမြင့် စေတီ

မိန် းမရဲသခင် မတောင် ပေါ်မှ ရှုခင်း

မိန် းမရဲသခင် မတောင် ပေါ်မှ ရှုခင်း

မိန် းမရဲသခင် မတောင် ပေါ်မှ ဗုဒ္ဓရုပ် ပွားတော်

မိန် းမရဲသခင် မတောင် ပေါ်မှ စေတီငယ် လေးများ

မိန် းမရဲသခင် မတောင် ပေါ်မှ စေတီငယ် လေးများ

မိန် းမရဲသခင် မတောင် ပေါ်မှ စေတီငယ် လေးများ

မိန် းမရဲသခင် မတောင် ပေါ်မှ ဗုဒ္ဓရုပ် ပွားတော်

ဆက် လက် ခရီးဆက် ၍ မြသပိတ် ရေပြာအိုင် သို့ ရောက် ပြီဆိုရင် မှန်ကဲ့သို့ကြည်လင် လှပနေသော ပြာလဲ့လဲ့ ရေပြာအိုင် ကို အံဩဖွယ် တွေ့ရပါမယ်။ ရေ၏ကြည်လင်မူကြောင့် အောက်ခြေမှ ကျောက်တုံးနှင့်သစ်ပင်၊အကိုင်းအခက်များကိုမျက်ဝါးထင်ထင်မြင်တွေ့ရပါတယ်။
ဒေသခံများ၏ ပြောစကားအရရေအိုင် ၏အောက်ခြေတွင်မြသပိတ် တစ်လုံးရှိပြီးနတ်တို့က နောက်ပွင့်မည့်ဘုရားရှင်အားရည်ဇူးပူဇော်ထားသည်ဟုသိရပါတယ်။

ထိုသပိတ် ၏ ရောက် ပြန် ဟပ် မူ ကြောင့် ရေမှာပြာနေခြင် း ဖြစ် သည် ဟု လဲ ပါးစပ် ဒဏ္ဍာရီသဖွယ် ကြားသိခဲ့ရပါသေးတယ်။ ရေအိုင် ၏အနက် ကို မူ ယနေ့အထိမည် သူမျှအတိအကျမပြောနိုင် ပေ။ နတ် ကြီးသောရေအိုင် လို့ ယုံကြည် ယူဆကြတဲ့အတွက် ဒေသခံများကရေအိုင် ထဲမည် သူမှမဝင် နိုင် အောင် သံဆူးကြိုးများဖြင့် ကာရံတားဆီးထားပါတယ်။ ရွာငံ ဒေသထဲမှာတော့ မြသပိတ် ရေပြာအိုင် ဟာ ထူးခြားဆန် းကြယ် မူများနှင့် ပြည့်နှက် နေသော ရေအိုင် တစ် ခုပဲဖြစ်ပါတယ်။

မြသပိတ် ရေပြာအိုင်

မြသပိတ် ရေပြာအိုင်

မြသပိတ် ရေပြာအိုင်

မြသပိတ် ရေပြာအိုင် ဘက် မှ တောကျယ် ရေတံခွန် ဘက် သို့ သွားမယ် ဆိုရင် ဖြင့် တောလမ် းကလေးကိုဖြတ် ၍ ရေတံခွန် ဘက် သို့ သွားနိုင် ပါတယ်။ လမ် းတလျှောက် မှာ စိုက် ခင် းများ၊ မက် မန် းသီးပင် များကို ကြည် နူးစရာမြင် တွေ့ရပါတယ်။ တောကျယ် ရေတံခွန် ကို ရောက် ရင် တော့ နွေရာသီဖြစ် လို့ ရေတံခွန် မှာရေမစီးပေ။ မိုးတွင် းဘက် တွင် သာ ရေအဆက် မပြတ် စီးဆင် းနေသော ရေတံခွန်ကို လှလှပပတွေ့မြင် နိုင် ပါမယ်။

တောကျယ် ရေတံခွန်

မက် မန် းသီးပင် များ

လိမ္မော်စိုက်ခင်းများ

စိုက် ခင် းများ

ဆက်လက် ၍ရွာငံရှိ ပြဒါးလင်းဂူ နှင့် ကော်ဖီခြံများ၊ လိမ္မော်စိုက်ခင်းများ ကိုလဲ လေ့လာမယ် ဆိုရင် သွားရောက် လေ့လာနိုင် ပါတယ်။

ရွာငံဘက် စုံသွားပြီမို့ ကလောမြို့၏အထင် ကရလည် ပတ် ရမယ့် နေရာများကတော့
1. မြင် းမထိလှိုဏ် ဂူ
2. ရွှေဥမင် လှိုဏ် ဂူ
3. နှီးဘုရား
4. ကလော View Point နှင့်
5. ကလောမြို့မစျေး၊
6. ကလောဘူတာ တို့ပဲဖြစ်ပါတယ်။

• ပုဂံ ခေတ် သူရဲကောင်းတို့နဲ့ သမိုင်းဆက်စပ် လျှက် ရှိတဲ့ မြင်းမထိလှိုဏ်ဂူ ကို လည်မည် ဆိုပါကဂူထဲရှိဘုရားများကို ထူးခြားဆန်းကျယ် စွာဖူးမြင်ရပါမယ်။

ရွှေဥမင် လှိုဏ်ဂူ မှာလည် း ထိုနည် းလည်းကောင် း ဂူထဲမှဘုရားရုပ် ပွားတော် များကို ကြည် ညိုဖွယ် ဖူးမြင် ရပါဦးမယ်။

ကလောနှီးဘုရား ကတော့ ကလောမြို့တွင်းမှာပဲရှိပြီး သွားရလွယ် ကူပါတယ်။ ဘုရားကို ရောက်တာနဲ့ ဘုရားလဲ ဖူးရင်း သီလရှင် ဆရာလေးတွေ ဧည့်ခံတဲ့ လက်ဖက် နဲ့ ရေနွေးကြမ်းကို အရသာရှိစွာ သုံးဆောင် နိုင်ပါတယ်။ ရေနွေးကြမ်း နှင့် လက်ဖက် ကတော့လာသမျှ ဧည်သည် တိုင်းကိုဧည့်ခံတာပါ။ နှီးဘုရားကြီးမှာ လှူထားလေ့ရှိတဲ့ ကလော ဒေသထွက်ထူးထူးဆန်းဆန်း သစ်သီးတွေကိုလည်း ကြည့်ဖို့မမေ့ပါနဲ့ဦး။

နှီးဘုရားနဲ့တစ် လမ် းထဲသွားရတဲ့ ကလော View Point ကို တော့ကားနဲ့ဘဲဖြစ် ဖြစ် ဆိုင် ကယ် နဲ့ဘဲဖြစ် ဖြစ် သွားရောက် လည် ပတ် နိုင် ပါတယ် ။ View Pointသွားကြာချိန် က တော့ နာရီဝက် ၄၅မိနစ် လောက် ကြာပါတယ်။ ကလော View Point ကို ရောက် ခါနီးရင် ကားပေါ်ကဆင် းပြီး လိမ္မော် စိုက် ခင်းထဲလမ် းဆင် း လျှောက်ရင် း View Point ကိုသွားပါ။ လိမ္မော် စိုက် ခင် းကတော့ နွေရာသီဒီလိုအချိန် မှာ အသီးမရှိ တော့ ပါဘူး။ View Point ရောက် ရင် ဖြင့် လေတဖြူးဖြူးနဲ့ ရူခင် းကအရမ် းလှ ပါတယ် ။ View Pointမှ ချာပါတီ၊ အာလူးပူတီ၊ နွားနို့၊ အအေး၊ ဘီယာ နှင့် လိ မ္မော် သီးစသည် တို့ကို ကြိုက် ရာမှာယူသုံးဆောင် ရင် း သဘာဝအလှအပများကို ခံစားနိုင် ပါတယ်။ ဒီ နေရာလေးဟာ ကလောကနေ အင် းလေးကို Trekking လျှောက် လေ့ရှိတဲ့ နိုင် ငံခြားသားများ အတွက် ခရီးတစ် ထောက် နားရာ စခန် းလေးလည် းဖြစ် ပါတယ်။

ကလော မြို့၏ လှပသော ရှုခင်းတွေထဲက တစ်ခု

ကလော မြို့၏ လှပသော ရှုခင်း

လိမ္မော်စိုက်ခင်းများ

လိ မ္မော် စိုက် ခင် းထဲလျှောက် ခဲ့ ပေမယ့် လိ မ္မော် သီး တွေကတော့ ခူးလို့ကုန် ပြီ။

ကလောမြို့မစျေး ကိုသွား ရောက် လည်ပတ်မယ် ဆိုရင် တော့ ဒေသထွက် အဝတ်အထည် များ၊ ရိုးရာအစားအစာများ ဝယ်ချင် စရာစုံလင် လှပါတယ်။ ကလောမြို့မစျေးရဲ့အရှေ့ဘက် နေရာမှာတော့ ကလော ငါးရက် တစ် စျေးရှိပါတယ်။ စျေးနေ့ကတော့ ကလောမှာအစည် ကားဆုံးပါပဲ။ စျေးထဲမှာ ဟင်းသီးဟင်းရွက် လတ်လတ် ဆက်ဆက် များ၊ ဒေသထွက် အသီးအနှံများ တောင် ပေါ်ဒေသရှမ် းရိုးရာ အစားအစာဆိုင် လေးများဖြင့်မျက် စိပသာရဖြစ် ပြီးပျော် ဖို့ အလွန် ကောင် းပါတယ်။

ဆက်လက် ပြီး ကလော ဘူတာ ဘက် ကို သွားရောက် လေ့လာမည် ဆိုရင် လဲ အလွယ် တကူသွားရောက် လေ့လာနိုင်ပါတယ်။ ထင်းရှုးမြို့တော် လိုတင်စားခေါ်ဝေါ်ရတဲ့ ကလောမြို့ လေးရဲ့ နေရာအနှံ့မှာတော့ ထင်းရှုးပင် များက လက်ညိုးထိုးမလွဲ အောင် လှပနေပါတယ်။

Hotel တိုင်းလိုလိုမှာ စက်ဘီးအခမဲ့စီးလို့ရပြီး မြို့ထဲကိုအလွယ်တကူ လည်ပတ် လို့ရတယ်ဆို တော့ အမိုက် ဆုံးပေါ့။ ပုဂံမှာလိုစက်ဘီး၊ ဆိုင်ကယ် ၊ E-Bike များကို အခကြေးငွေပေးစီးစရာမလိုပဲ ကြိုက် သလောက် စီးလို့ရပါတယ်။

• Where to eat •

အစားအသောက် ဆိုင် များရွေးချယ် မယ် ဆိုရင် တော့ ကျောင် းလမ် းနှင့် ပြည် ထောင် စုလမ် းမကြီးတန် းတလျှောက် မှ ကြိုက် နှစ် သက် ရာဆိုင် လေးတွေမှာ မိမိစိတ် ကြိုက် စားသောက် နိုင် ပါသည်။

မြန်မာအစားအစာဆိုင် အနေနဲ့ လမ် းညွှန် ရမယ် ဆိုရင် •သု မောင် မြန် မာ့ထမင် းဆိုင်• ကိုလမ် းညွှန် ပါရစေ။ ကလောမှာတော့သူက ဆိုင် ကြီးတဆိုင် ပါ။ နေရာကျယ် တယ် ။ သန် ့ရှင် း သပ် ရပ် တယ်။

ဆက်လက် ၍ ရှမ် းအစားအစာ၊ တရုတ် အစားအစာဆိုင် ဆိုရင် တော့ • ပြည့်ပြည့်ရှမ်း • ခေါက် ဆွဲဆိုင် ပါ။ သူ့ဆိုင် ကအစားအသောက် များဟာ လက်ရာအလွန် ကောင်းသလို အသီးအနှံ ဖျော်ရည် များဟာလဲ အရမ်းအရသာရှိပါတယ်။

တခြားစားသောက် ဆိုင် တော်တော် များများနဲ့ ရန် ကုန် လို Coffee Shop ဆိုင် လေးတွေလဲပြည် ထောင် စုလမ် းကြီးပေါ်မှာ ဖွင့်ထားတာတွေ့နိုင် ပါတယ် ။ဒီဆို င် လေးတွေမှာတော့ နိုင် ငံခြားသားတွေ အများဆုံးထိုင် တာတွေ့ရပါတယ်။

ကလော မြို့က လမ်းမကြီး

ယာ တော တစ် နေရာ

• Attraction •

ကလောရဲ့ နေ့ခင်း ၊နေလည်အချိန် များမှာ အပူချိန် ဟာ တချိန် လုံးပူမနေပဲ နေပူလိုက် ၊မိုးအုံလိုက် ရာသီဥတု လေးပါ။ မိုးအုံ့လာတာနဲ့ တပြိုင် နက်လေအေးလေးတွေတိုက် ပြီး နေလို့ ကောင်းလှပါတယ်။ ဒီလို ရေမြေတောတောင် သဘာဝအလှ တွေနဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ဖော်ရွေ ပျူငှာ ယဉ်ကျေးတဲ့ အပြုံးတွေရှိရာ တောင်စခန်းမြို့ လေး ကလောမြေကို အပန် းဖြေရုံသက် သက် သာမက ဒေသန္တရဗဟုသုတ တွေပါရှာမှီးရအောင် တခါတခေါက် သွားရောက် လည် ပတ် လှည့် ပါလို့ တိုက် တွန် းလိုပါတယ် ။

ကျော်စွာဟန်

Undefined
Kyaw Swar Han's picture

Kyaw Swar Han

Top Traveller